အင်ဒိုနီးရှားနိုင်ငံ၌  ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၆၀၄ ဦးရှိလာပြီး ၈၄၂ ဦးထပ်မံသေဆုံး 


 

ဂျကာတာ သြဂုတ် ၂၃  


အင်ဒိုနီးရှားနိုင်ငံတွင် သြဂုတ် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၉၆၀၄ ဦးရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၉၈၉၀၆၀ အထိရောက်ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၈၄၂ ဦး ထပ်မံသေဆုံးမှုနှင့်အတူ   စုစုပေါင်း  ကိုဗစ်-၁၉ သေဆုံးသူ   ၁၂၇၂၁၄   ဦးအထိ  ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး    ဆေးရုံမှ ဆင်းလာသူ ၂၄၇၅၈  ဦးရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာသူ ၃၅၇၁၀၈၂ ဦးအထိ ရှိလာသည်။ 
အရှေ့တောင်အာရှနိုင်ငံ   တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် နေ့စဉ်ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကို လျှော့ချရန်ရည်ရွယ်ပြီး ပီပီကေအမ်ဟု ခေါ်သော အဆင့်ဆင့်သော လူထုလှုပ်ရှားမှုကန့်သတ် ချက်အစီအစဉ်ကို  စတင်ခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင် များကလည်း ကိုဗစ်-၁၉ ထိတွေ့မှုဆိုင်ရာ ခြေရာခံမှု များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ကူးစက်မြန်ပြင်းထန် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် ချမှတ်ကျင့်သုံးခဲ့သော အဆိုပါမူဝါဒကို  ဇူလိုင် ၃ ရက်မှစတင်ကာ ဂျာဗားနှင့် ဘာလီတွင်ချမှတ်ကျင့်သုံး ခဲ့ရာ ယခုအချိန်အထိ နောက်ထပ်ထပ်မံသက်တမ်းတိုးမည့်ရက်ကို အစိုးရက မကြေညာသေးပေ။
သြဂုတ် ၂၃ ရက်က တရုတ်နိုင်ငံက  ပေးပို့လိုက် သော ဆိုင်နိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးနောက် တစ်သုတ်ကို လက်ခံရရှိခဲ့သည်။ ယခုတင်ပို့မှု အပါ အဝင် အင်ဒိုနီးရှားနိုင်ငံသည် ထုတ်လုပ်သူအသီးသီးမှ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၂၀၀ ကျော်ရရှိခဲ့ပြီ ဖြစ်သည်။   
အစိုးရသည်  ပြည်သူ ၂၀၈ ဒသမ ၂ သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန်    ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများသည် အင်ဒိုနီးရှားနိုင်ငံသားများအားလုံးအတွက်  အခမဲ့ ဖြစ်သည်။   
သြဂုတ် ၂၃ ရက်အထိ လူပေါင်းအနည်းဆုံး ၃၂ ဒသမ ၀၄ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၇ ဒသမ ၇၇ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ 
ဆင်ဟွာ