မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း တစ်သန်းခွဲကျော်လွန် 


 

ကွာလာလမ်ပူ သြဂုတ် ၂၃


မလေးရှားနိုင်ငံတွင် သြဂုတ် ၂၃ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ  ၁၇၆၇၂  ဦးတိုးလာ ကြောင်း  အတည်ပြုဖော်ပြပြီး စုစုပေါင်း  ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၁၅၇၂၇၆၅ ဦး အထိရောက်ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး     ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။ 
ကျန်းမာရေး    ဝန်ကြီးဌာန   ညွှန်ကြားရေးမှူးချုပ်  နော်ဟီရှန် အဗ္ဗဒူလာက   ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားသူ   ရှစ်ဦးမှာ    ပြည်ပ ကူးစက်မှုဖြစ်ပြီး ၁၇၆၆၄ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။ 
နောက်ထပ် ၁၇၄ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ        စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၄၃၄၂ ဦး ရှိလာခဲ့ပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာပြီး   ဆေးရုံမှ ဆင်းလာသူ ၁၉၀၅၃ ဦးအပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ ကင်းစင်သွား သူပေါင်း ၁၂၉၇၇၂၃ ဦး သို့မဟုတ် ၈၂ ဒသမ ၅ ရာခိုင်နှုန်းရှိလာပြီ ဖြစ်သည်။   ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ    ၂၆၀၇၀၀ အနက်  ၁၀၄၀မှာ   အထူးကြပ်မတ် ကုသဆောင်တွင်    ဆေးကုသမှု ခံယူလျက်ရှိပြီး    ၎င်းတို့အနက် ၅၀၂ ဦးမှာ  အသက်ရှူအထောက် အကူ    လိုအပ်လျက်ရှိကြောင်း သိရသည်။                   ဆင်ဟွာ