ဘရာဇီးနိုင်ငံမှ ဟေတီနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့

 

ရီယိုဒီဂျနေရိုး  ဩဂုတ် ၂၃


ဘရာဇီးအစိုးရသည်  လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်   မီးသတ်သမား ၃၂ ဦး တင်ဆောင်လာသည့် လေယာဉ်တစ်စင်းကို ဩဂုတ် ၂၂ ရက်တွင် ဟေတီနိုင်ငံသို့ ပေးပို့ခဲ့သည်။
ငလျင်ဒဏ်ခံစားခဲ့ရသည့်   ဟေတီနိုင်ငံတွင်   ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ  လုပ်ဆောင်ရန်အတွက် အကူအညီများ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 
ဘရာဇီးလေတပ်မှ KC-390 လေယာဉ်မှာ ဩဂုတ် ၂၂ ရက်တွင် ဟေတီနိုင်ငံ ပေါ်တို  ပရင့်စ်မြို့သို့ထွက်ခွာခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။ အဆိုပါလေယာဉ် တွင် ဆေးဝါးပစ္စည်းနှင့် အခြားသောအကူအညီပစ္စည်းများ  ၃ ဒသမ ၅  တန်ကျော် တင်ဆောင်လာခဲ့သည်။ 
ဟေတီနိုင်ငံ၏ ပြည်သူ့ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ ငလျင်ကြောင့် လူပေါင်း ၂၂၀၇ ဦးသေဆုံးခဲ့ပြီး ၃၄၄ ဦးပျောက်ဆုံးကာ ဒဏ်ရာရရှိသူ ၁၂၂၆၈ ဦးရှိသည် ဟု သိရသည်။ ပျက်စီးသွားသည့် နေအိမ်ပေါင်းမှာ ၅၂၉၂၃ ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ