တိုကျို ဩဂုတ် ၂၃ ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ဂျပန်နိုင်ငံ သံရုံးနှင့် အခြားသောအဖွဲ့အစည်းများ၌ အလုပ် လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံသားများနှင့် ဒေသခံ ဝန်ထမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ဂျပန်နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ရေးတပ်

တိုကျို    ဩဂုတ်  ၂၃


ဂျပန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံရှိ ဂျပန်နိုင်ငံ  သံရုံးနှင့် အခြားသောအဖွဲ့အစည်းများ၌  အလုပ် လုပ်ကိုင်နေသည့်  ဂျပန်နိုင်ငံသားများနှင့်  ဒေသခံ ဝန်ထမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်  ဂျပန်နိုင်ငံ၏    ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ လေယာဉ်သုံးစင်းကို      အာဖဂန်နစ္စတန်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက  ယနေ့တွင် ပြောကြားသည်။


အဆိုပါ  ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးရေး မစ်ရှင်အတွက် C-2 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် C-130s သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စင်းတို့အား    စေလွှတ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့၏ အတွင်းရေးမှူးချုပ် ကာတို က ပြောကြားသည်။


ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သည့် သီတင်းပတ်ကာလအတွင်းက     ဗြိတိန်စစ်ဘက် လေယာဉ်ဖြင့်   အာဖဂန်နစ္စတန်နိုင်ငံရှိ    ဂျပန်နိုင်ငံ သံရုံးဝန်ထမ်းများအား ဘေးလွတ်ရာသို့  ရွှေ့ပြောင်း မည့် ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြောင်း သိရသည်။


အာဖဂန်နစ္စတန်နိုင်ငံရှိ  ဂျပန်နိုင်ငံသံရုံးအား ဩဂုတ်   ၁၅   ရက်တွင်    ပိတ်သိမ်းခဲ့ပြီးနောက် ပြီးခဲ့သည့်အင်္ဂါနေ့က ဂျပန်သံတမန်များအား ဒူဘိုင်း သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ သို့ရာတွင်  အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ဆောင်နေသည့် ဂျပန်နိုင်ငံသားတချို့ကိုမူ ယခုထိတိုင် ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းမပေးနိုင်သေးကြောင်း သိရသည်။


ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်