
ခါတွန် ဩဂုတ် ၂၄
ဆူဒန်နိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် ရေကြီးမှုတို့ကြောင့် လူ ၅၂ ဦး သေဆုံးခဲ့ရသည်ဟု ဩဂုတ် ၂၃ ရက်တွင် ဆူဒန် အာဏာပိုင်များက ပြောသည်။
ရေကြီးမှုကြောင့် နေအိမ်ပေါင်း ၃၈၉၀ မှာ လုံးဝပျက်စီးသွားခဲ့ရပြီး တစ်စိတ်တစ်ပိုင်းသာ ပျက်စီးခဲ့သည့် နေအိမ်ပေါင်းမှာ ၁၂၅၀၀ ရှိသည် ဟု ဆူဒန် ပြည်သူ့ကာကွယ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ ဂျလီအဗ္ဗဒူရာဟင်က ပြောသည်။
ဆူဒန်နိုင်ငံသည် ဇွန်လမှ အောက်တိုဘာလ အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပေါ်လေ့ရှိသည်။ လွန်ခဲ့သည့်နှစ် အတွင်းကလည်း ရေကြီးမှုကြောင့် လူပေါင်း ၁၃၈ ဦးသေဆုံးခဲ့ရပြီး နေအိမ်ပေါင်းထောင်နှင့်ချီ၍ ပျက်စီးခဲ့ရသည်။ ဆင်ဟွာ