
ဝါရှင်တန် ဩဂုတ် ၂၄
အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ အမေရိကန်များ နှင့် အမေရိကန်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အာဖဂန်လူမျိုးများကို ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ကိုင်လျက်ရှိသည်။
ဩဂုတ် ၁၄ ရက်မှစတင်ကာ အာဖဂန် နစ္စတန်မှ လူပေါင်း ၄၈၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ ကြောင်း အိမ်ဖြူတော်က ပြောသည်။
အာဖဂန်မှ ခေါ်ထုတ်လာသည့် လူများကို တင်ဆောင်လာသည့် လေယာဉ်မှာ ဩဂုတ် ၂၃ ရက်တွင် ဝါရှင်တန်မြို့အပြင်ဘက်ရှိ ဒါးလက်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာ သည်။
အာဖဂန်မှ ခေါ်ထုတ်လာသူများကို အရှေ့ အလယ်ပိုင်းနှင့် ဥရောပရှိ အမေရိကန်စစ်အခြေစိုက် စခန်းများတွင် တစ်ထောက်နားပြီးနောက် အမေရိကန်သို့ ပို့ဆောင်ပေးခဲ့သည်။
ကဘူးလ်မြို့ လေဆိပ်အနီး၌ အရပ်သားများ အကြားတွင် တာလီဘန်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ကဘူးလ်မြို့မှ အမျိုး သမီးတစ်ဦးက ပြောသည်။
အမေရိကန်တပ်များသည် ဩဂုတ် ၃၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ ဆုတ်ခွာရန် ရက်သတ်မှတ် ထားသော်လည်း ကဘူးလ်မြို့တွင် လုံခြုံရေး အခြေအနေများ ဆိုးရွားနေသည့်အတွက် အရပ်သား များကို ကယ်ထုတ်ရေး အစီအစဉ်မှာ အနှောင့် အယှက် အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်။
အင်န်အိတ်ချ်ကေ