
တီဟီရန် ဩဂုတ် ၂၄
အာဖဂန်နစ္စတန်သို့ လောင်စာဆီများ တင်ပို့မှု ပြန်လည်စတင်တော့မည်ဟု ဩဂုတ် ၂၃ ရက်တွင် အီရန်နိုင်ငံကကြေညာခဲ့ကြောင်း တက်စ်နင် သတင်းဌာနတွင် ဖော်ပြထားသည်။
အချိန်ကာလ အတိုင်းအတာတစ်ခုအထိ အာဖဂန်နစ္စတန်သို့ ရေနံတင်ပို့မှု ဆိုင်းငံ့ပြီးနောက် ယခုအခါ ပြန်လည်ပို့ဆောင်တော့မည်ဟု အီရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသူများ သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဟာမစ် ဟိုစိန်နီက ပြောသည်။
တချို့သော စီးပွားရေးလုပ်ငန်းရှင်များကမူ အာဖဂန်နစ္စတန်တွင် လုံခြုံရေးအခြေအနေများ ကြောင့် သတိထားရန် လိုအပ်သေးသည်ဟု စိုးရိမ် နေကြသည်။ တောင်ပိုင်း ခိုရာဆန်ပြည်နယ် အကောက်ခွန်ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဟတ်ဆန်ရာဟီမီဇာဒတ်ကမူ အာဖဂန်နစ္စတန် နှင့်ထိစပ်နေသည့် ၎င်းတို့နယ်စပ်တွင်မူ တည်ငြိမ်မှု များရှိသည်ဟု ပြောသည်။ ဆင်ဟွာ