
မနီလာ သြဂုတ် ၂၅
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၅၇၃ ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၁၈၈၃၀၈၈ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၂၂၈ ဦးထပ်မံသေဆုံးခဲ့ရာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောင့် သေဆုံးသူပေါင်း ၃၂၄၉၂ ဦး ရှိပြီဖြစ်သည်။
သြဂုတ် ၂၃ ရက်တွင် နေ့စဉ် ကူးစက်မှုအရေ အတွက် ၁၈၃၃၂ ဦး စံချိန်တင်တွေ့ရှိခဲ့သည်။
နိုင်ငံအတွင်း၌ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိသည်။ လက်ရှိအချိန် အထိ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၇၃ ဦးရှိပြီး အဆိုပါရောဂါဖြင့်သေဆုံးသူ ၂၆ ဦး ရှိသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၅၈၂၀ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ရောဂါမှ ပြန်လည်သက်သာလာသူပေါင်း ၁၇၂၅၂၁၈ ဦးရှိလာ ပြီဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံ၌ ၁၇ သန်းနီးပါး ရောဂါရှိ၊ မရှိ စစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်