
တိုကျို ဩဂုတ် ၂၅
ဂျပန်နိုင်ငံအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာမှုကို ထိန်းချုပ်ရန် နိုင်ငံအတွင်းရှိ ခရိုင် ရှစ်ခုအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေ အနေ တိုးမြှင့်ချမှတ်မည်ဖြစ်ကြောင်း ယနေ့သတင်း များအရ သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေ တိုးမြှင့်ချမှတ်မည်ဆိုပါက ဂျပန်နိုင်ငံ အတွင်း၌ တိုကျိုနှင့် အိုဆာကာအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်သတ်မှတ်သည့် ခရိုင် စုစုပေါင်း ၁၃ ခုရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအစိုးရသည် ဟော့ကိုင်းဒိုး၊ မီယာဂီ၊ အာချီနှင့် ဟီရိုရှီးမားခရိုင်တို့အပါအဝင် နောက်ထပ် ခရိုင်ရှစ်ခုအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ် အခြေအနေတိုးမြှင့်ချမှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေ တိုးမြှင့်ချမှတ်မှု ကြေညာ ချက်သည် ဩဂုတ် ၂၇ ရက်မှစတင်ကာ စက်တင်ဘာ ၁၂ ရက်အထိ အသက်ဝင်မည်ဖြစ်ကြောင်း သိရ သည်။
ဂျပန်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၂၂၀ ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၃၁၈၃၄၆ ဦးရှိလာ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၀၈၇၁၉၃ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူစုစုပေါင်း ၁၅၆၆၃ ဦးရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်