ကလေးမြို့နယ်၌ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက နေအိမ်အတွင်း ဖျက်ဆီးဝင်ရောက်ကာ အိမ်သားများကို အကြမ်းဖက်တိုက်ခိုက်၍ ရွှေထည်ပစ္စည်းများ လုယက်

နေပြည်တော်  ဩဂုတ်  ၂၅


စစ်ကိုင်းတိုင်းဒေသကြီး  ကလေး မြို့နယ်၌         လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ က နေအိမ်အတွင်းသို့ ဖျက်ဆီး ဝင်ရောက်ကာ  အိမ်အတွင်း အိပ် ပျော်နေသည့် အမျိုးသား တစ်ဦး နှင့်    အမျိုးသမီး   တစ်ဦးတို့ကို ဓားဖြင့်ထိုးကာ     အမျိုးသမီး ဝတ်ဆင်ထားသော            ရွှေ လက်ကောက် ငါးကွင်း    လုယက် ယူဆောင်သွားကြောင်း    သိရ သည်။


တူမီးသေနတ် ကိုယ်စီဖြင့်


ဖြစ်စဉ်မှာ    ဩဂုတ် ၂၄ ရက် ည ၁၁ နာရီခွဲတွင်   ကလေးမြို့ အောင်သစ္စာ        ရပ်ကွက်နေ    ဦးကံမြင့်သည်    မိသားစုနှင့်အတူ နေအိမ်၌ အိပ်ပျော်နေစဉ် နေအိမ် ရှေ့ခြံဝင်းတံခါး     အပြင်ဘက်မှ အကြမ်းဖက်သူ   အမျိုးသား ခုနစ် ဦးက   ခြံဝင်းတံခါး   ဖွင့်ပေးရန်     အော်ဟစ်နေသဖြင့် ဦးကံမြင့််နှင့် ၎င်း၏သားဖြစ်သူ  မောင်အောင် ချမ်းငြိမ်းတို့နှစ်ဦးက  သွားရောက်      ကြည့်ရှုချိန်တွင် အဆိုပါအမျိုးသား ခုနစ်ဦးအနက်  အကြမ်းဖက်သူ အမျိုးသား သုံးဦးမှာ တူမီးသေနတ် များ ကိုယ်စီဖြင့် ခြံဝင်းတံခါးအား    ကျော်တက်   ဝင်ရောက်လာကာ  နေအိမ်တံခါး     ထပ်မံဖျက်ဆီး နေသည်ကို      တွေ့မြင်ရသဖြင့် ဦးကံမြင့်သည် ၎င်း၏သားဖြစ်သူ   မောင်အောင်ချမ်းငြိမ်းကို    ခေါ် ဆောင်ကာ    အသက်အန္တရာယ်    စိုးရိမ်ရသဖြင့်    နေအိမ်အတွင်း အိပ်ပျော်နေသည့် ကျန်မိသားစုဝင် များအား    နှိုးယူနိုင်ခြင်းမရှိဘဲ     နေအိမ်အနောက်ဘက် ဘေးလွတ် ရာသို့ ထွက်ပြေးခဲ့ရသည်။


လုယက်ယူဆောင်


ထို့နောက်     အကြမ်းဖက် သောင်းကျန်းသူများသည် နေအိမ် တံခါး  ဖျက်ဆီး၍  အိမ်အတွင်း ဝင်ရောက်လာပြီး နေအိမ်ရှေ့ခန်း ၌ အိပ်ပျော်နေသည့် ဦးကံမြင့်၏ သားဖြစ်သူ မောင်ကျော်ခိုင်ဝင်း နှင့်        နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့်   ဦးကံမြင့်၏ ဇနီးဖြစ်သူ   ဒေါ်မြမြသန်းတို့ကို ဓားများဖြင့်    ထိုးကာ   အော်ဟစ် ပြောဆို          ခြိမ်းခြောက်ပြီး ဒေါ်မြမြသန်း ဝတ်ဆင်ထားသည့် ရွှေလက်ကောက်    ငါးကွင်းကို အဓမ္မဆွဲချွတ် လုယက်ယူဆောင် ကာ နေအိမ်မှ  ပြန်လည်ထွက်ခွာ သွားခဲ့သည်။


စုံစမ်းဖော်ထုတ်လျက်ရှိ


ထိုကဲ့သို့ အကြမ်းဖက်သူများ ၏ ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့မှု ကြောင့်  မောင်ကျော်ခိုင်ဝင်း၏ လည်ပင်းနှင့်    ဝမ်းဗိုက်တို့တွင် လည်းကောင်း၊ ဒေါ်မြမြသန်း၏ ဝမ်းဗိုက်တွင်လည်းကောင်း ထိုး သွင်းဒဏ်ရာများ      ရရှိခဲ့သဖြင့် လုံခြုံရေး       တပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသ        ပေးလျက်ရှိပြီး အကြမ်းဖက်  လုယက်မှုကျူးလွန် ခဲ့သူများကို     ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။    

         
 သတင်းစဉ်