အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၂ ဒသမ ၅ သန်း ကျော်ရှိလာ

 

နယူးဒေလီ   သြဂုတ်   ၂၆ 


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း   ကိုဗစ်-၁၉  ထပ်မံ ကူးစက်ဖြစ်ပွားသူ ၄၆၁၆၄ ဦး အပါအဝင်  ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားသူပေါင်း    ၃၂၅၅၈၅၃၀ အထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် လိုက်သော      အချက်အလက်များ တွင် ဖော်ပြထားသည်။ 


ကိုဗစ်-၁၉ ကြောင့်   ထပ်မံ သေဆုံးသူ ၆၀၇ ဦး   ရှိလာမှုနှင့် အတူ   စုစုပေါင်း    ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၆၃၆၅ ဦး အထိ ရှိလာခဲ့သည်။
နိုင်ငံအတွင်း    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လွန်ခဲ့သော ရက်အတော်ကြာက   ကျဆင်း ခဲ့ပြီးနောက် နေ့စဉ်  ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက် တိုးလာ သည်မှာ လွန်ခဲ့သည့်နှစ်ရက်ကျော် ကတည်းက ဖြစ်သည်။ 


လတ်တလော     ကိုဗစ်-၁၉ ကူးစက်      ဖြစ်ပွားလျက်ရှိသူ ၃၃၃၇၂၅ ဦးအထိ ရှိသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ကောင်းမွန်လာပြီးဆေး      ရုံမှ ဆင်းလာသူပေါင်း ၃၁၇၈၈၄၄၀ ရှိလာကြောင်းသိရသည်။

ဆင်ဟွာ