
နေပြည်တော် ဩဂုတ် ၂၇
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲက မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ပြည်သာယာလမ်းတွင် ကျော်စိုးမိုး မောင်းနှင်ပြီး စောထွန်းထွန်းဝင်း နှင့် ဟန်သော်ထွန်း(ခ)ဝဲကြီး(ခ)အရှည်ကြီးတို့ လိုက်ပါလာသည့် Honda Fit အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ် ဘားအံ-အိန္ဒုသွား ကားလမ်း အိန္ဒုကျေးရွာ တိုးဂိတ်အနီး၌ စောအောင်မင်း ထွန်း မောင်းနှင်လာသည့် Alphard အမျိုးအစားမော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ညနေ ၆ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၇)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ ည ၈ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် နောင်ချိုမြို့နယ် ကျောက်မဲ - နောင်ချိုသွား ကားလမ်း နောင်ချိုမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး၌ ထွန်းထွန်း မောင်းနှင်ပြီး လှမျိုး အောင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဆာလာအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၊ ဆက်သွယ်ရေးစက် နှစ်လုံးကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကျောက်မဲမြို့နယ် လားရှိုး-မန္တလေးသွား ကားလမ်း၊ ကျောက်မဲတိုးဂိတ် အနီး၌ မအေးယု မောင်းနှင်ပြီး မအေးတန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ မအေးတန်ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၆၀၀ ကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်