
နေပြည်တော် ဩဂုတ် ၂၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီး ကားလမ်း ဟိုတင့်ကျေးရွာအနီးတွင် လွိုင် လင်မှ တောင်ကြီးသို့ ယာဉ်မောင်း စိုင်းလောဝ်လိုင်း (ခ)အိုက်လောဝ် (၄၁ နှစ်)မောင်းနှင်ပြီး စိုင်းလိန်(ခ)အိုက်လိန်(၂၀ နှစ်) လိုက်ပါလာ သည့် ၁၂ ဘီး မော်တော်ယာဉ် ကို သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၃ ဒသမ ၉၉ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီးစစ်ဆေး ပေါ်ပေါက်ချက်များအရ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး များ သယ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်သူများ ဖြစ်ကြသည့် ကျင်းထန် (ခ) ရှီကျင်းထန် (၂၇ နှစ်)၊ ရန်ကျုံးဝေ(ခ)အားဝေ (၂၁ နှစ်)တို့ကို တိုယိုတာဟိုင်းလပ် မော်တော်ယာဉ်နှင့်အတူ တောင် ကြီးမြို့နယ် ၄ မိုင် ပူးပေါင်းစစ်ဆေး ရေးစခန်းတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူ ထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများ အား စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်