မူဆယ်နှင့် မိုင်းဖြတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၂၈ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက်   ညနေ ၆ နာရီ ၁၅  မိနစ်တွင် မူဆယ်မြို့ စွမ်စော် ရပ်ကွက်ရှိ      စိုင်းကျော်လှ (ခ)စိုင်းတော်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကို လည်းကောင်း။


အလားတူ ယင်းနေ့ ညနေပိုင်း တွင်     လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  မိုင်းဖြတ်မြို့    ဟိုနားရပ်ကွက်ရှိ မြို့အဝင်     စစ်ဆေးရေးဂိတ်၌ ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင် လာသည့် Crown အမျိုးအစား ယာဉ်အားစစ်ဆေးရန်  ရပ်တန့် ခိုင်းစဉ်        မောင်းနှင်ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ် မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး သို့     ထိုးကျခဲ့ပြီး     ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းနှင့် ယာဉ် အားစစ်ဆေးရှာဖွေရာ           ယာဉ် နောက်ဖုံးအတွင်းရှိ ဆာလာအိတ် အတွင်းမှ    ငွေကျပ်သိန်း  ၂၄၀၀ တန်ဖိုးရှိ    အိုက်စ် ၁၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့ အား  မူးယစ်ဆေးဝါးနှင့်     စိတ်ကို ပြောင်းလဲစေသော     ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။


သတင်းစဉ်
n