ဖားကန့်၊ မော်လမြိုင်၊ မြစ်ကြီးနားနှင့် လားရှိုးမြို့နယ်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်    ဩဂုတ်    ၂၉ 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၇ ရက် ညနေ ၄ နာရီခွဲ တွင်     ဖားကန့်မြို့နယ်      လုံးခင်းကျေးရွာအုပ်စု မှော်ဆီဇာကျေးရွာအနီးတွင်      ယောဘ  မောင်းနှင်ပြီး  သိန်းဌေးဘို  (ခ)  ဌေးဘိုနှင့် နေမျိုးဝင်း (ခ) ဖားကြီး တို့ လိုက်ပါလာသည့်    Kluger   အမျိုးအစား   မော်တော်ယာဉ်ကို           ရပ်တန့်စစ်ဆေးရှာဖွေရာ    ဘိန်းဖြူ  သုည ဒသမ   ၆၉၃    ကီလို  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာအနီး၌ပင်      ဝင်းနိုင်ထွန်းနှင့် မငယ်ထွေး တို့ကို ဆိုင်ကယ်နှင့်အတူလည်း ကောင်း၊ ယင်းနေ့ ည ၈ နာရီ မိနစ် ၂၀  တွင်  မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော   ပူးပေါင်းအဖွဲ့သည်   မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်   ကမ်းနားလမ်းတွင်  မသင်္ကာဖွယ်   ရပ်တန့်ထားသည့်    Honda     Fit   အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေး ရှာဖွေရာ   ယာဉ်မောင်း    လှမျိုးအောင် အား  တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၆၇၇၀     ကိုလည်းကောင်း၊ အလားတူ ဩဂုတ် ၂၈ ရက် ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင် သော  ပူးပေါင်းအဖွဲ့သည်   မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  ကျောက်ဝိုင်းလမ်းမတွင် နော်နန် မောင်းနှင်လာသည့် Wish အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ   ဘိန်းဖြူ  ၂  ဒသမ ၀၉  ကီလိုကို      လည်းကောင်း၊  ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် မယ်ဟန် ကျေးရွာ ပူးပေါင်းစစ်ဆေးရေး စခန်းအနီးတွင်  AD  VAN အမျိုးအစား ခရီးသည်တင်ယာဉ်ကို     ရပ်တန့်စစ်ဆေး ရှာဖွေရာ ခရီးသည် မသီတာ  ထံမှ ဘိန်းဖြူ သုည ဒသမ ၄ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့ အား  မူးယစ်ဆေးဝါးနှင့်  စိတ်ကို    ပြောင်းလဲစေသော   ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။   


ရဲပြန်ကြား