မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်ခဲ့သူများကို လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၂၉


အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ    ဖြစ်ပွားမှုမရှိစေရေး အတွက်    လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်  စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ    ဩဂုတ်  ၂၂  ရက်က   ဒဂုံမြို့သစ်  (ဆိပ်ကမ်း)  မြို့နယ် “လရိပ်ချို” တည်းခိုခန်း၌  ဖောက်ခွဲ ရေးသမားများ ရောက်ရှိနေကြောင်း သတင်းအရ  ဝင်ရောက် ရှာဖွေခဲ့ရာ အောင်မင်းသူ  (ခ) ကိုသူ၊ ဇင်မင်းကျော်၊  ဇင်မင်းကို တို့အား   ပစ္စတိုသေနတ်နှစ်လက်၊   ကျည်မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် သုံးခုတို့နှင့်အတူ   ဖမ်းဆီးရမိခဲ့သည်။


တရားခံများ၏ ထွက်ဆိုချက် အရ ဩဂုတ် ၂၃ ရက်တွင်   ဒဂုံ မြို့သစ်(တောင်ပိုင်း)   မြို့နယ် အင်းဝအိမ်ရာမှ အောင်ကိုမင်း(ခ) လင်းညို၊     အောင်အောင်(ခ) အောင်ကြီးနှင့် နော်ခင်နှင်းဝေ(ခ) မှုံစီတို့ သုံးဦးအား ပစ္စတိုသေနတ် တစ်လက်၊   ၎င်းကျည်ငါးတောင့် တို့နှင့်အတူ          ဖမ်းဆီးရမိခဲ့ သည်။


ဖမ်းဆီးရမိ


တရားခံ    အောင်ကိုမင်း(ခ)လင်းညို၏     ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်မှ စိုးပိုင်ကျော် နှင့်   သန့်ဇင်ထွန်း(ခ) သန့်ဇင် တို့ကို လည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တိုးတိုး(ခ) ထွန်းထွန်းဇော်အား   လက်လုပ် သေနတ်နှစ်လက်၊ ကျည်မျိုးစုံ ၅၀ တောင့်၊ ပွိုင့်-၂၂   ကျည်ခွံ ရှစ်ခု၊ အသံတိတ်ပြောင်း နှစ်ခု၊ သေနတ် ဒင် နှစ်ခု၊    လေသေနတ်ကျည်  အတောင့် ၁၀၀ နှင့်အတူ    ဖမ်းဆီး ရမိခဲ့သည်။


ဆက်လက်၍ ဩဂုတ် ၂၄ ရက် တွင်    ဆက်စပ်တရားခံ ဆန်းမင်း ပိုင်ကို  မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဘုရားအနီးတွင်      ဖမ်းဆီးရမိခဲ့ ပြီး    ၎င်း၏ထွက်ဆိုချက်အရ သာကေတမြို့နယ်၌   ကိုကိုချစ် အား ဖမ်းဆီးရမိခဲ့သည်။   ၎င်း၏ ထွက်ဆိုချက်အရ      ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်     (၁၉)ရပ်ကွက်၌   အောင်ခန့်သွင်(ခ) ဂျိုးဇက်ကို လည်းကောင်း၊  (၇၀) ရပ်ကွက်၌ ဇော်ထက်အောင်ကို  လက်လုပ်မိုင်းမျိုးစုံ    ရှစ်လုံး၊     ဒီတိုနေတာ  တစ်ခု၊  သံဘောစေ့ နှစ်ထုပ်တို့နှင့်အတူ    ဖမ်းဆီးရမိ ခဲ့သည်။


ပူးပေါင်းအဖွဲ့ဖြင့်ဖမ်းဆီး


တရားခံ     ဆန်းမင်းပိုင်၏ ထွက်ဆိုချက်အရ  သင်္ဃန်းကျွန်း မြို့နယ်  ဇဝနရပ်ကွက် စံပယ်ဖြူ အိမ်ရာအား    ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေ    ဖမ်းဆီးခဲ့ရာ ဆက်စပ်  တရားခံများဖြစ်သော  ဘုန်းသူရခန့်၊   သန့်ဇင်အောင်၊ ထက်ပိုင်စိုးနှင့်   ဝေယံထွန်းတို့ ကို  ဖမ်းဆီးရမိခဲ့ပြီး    တရားခံ ညီညီမှာ     တိုက်အမိုးပေါ်သို့ ထွက်ပြေး   တိမ်းရှောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးစဉ် ခြေချော်၍ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။ တရားခံ များနှင့်အတူ Czech  Republic ပစ္စတိုသေနတ် တစ်လက်၊ Glock- 19 ပစ္စတိုသေနတ် တစ်လက်၊ SIG SAUER ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည် ၈၅ တောင့်၊ ပွိုင့်-၃၈ကျည် ၄၇ တောင့်၊ ကျည်အိမ် ငါးခု၊     ရှေ့ထွက်မိုင်း  နှစ်လုံး၊ လက်လုပ်မိုင်း သုံးလုံး၊   စိတ်ကြွ ရူးသွပ်ဆေးပြား    ငါးပြားတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


တရားခံ   အောင်ကိုမင်း(ခ) လင်းညို၏   ထွက်ဆိုချက်အရ ဩဂုတ် ၂၅ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှ ဝင်းမင်းထွဋ် ကို     ပြုလုပ်ဆဲ  လက်လုပ်မိုင်း တစ်လုံး၊  ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိ ခဲ့သည်။    


အကြမ်းဖက်သင်တန်းတက်


တရားခံများ၏     ထွက်ဆို ချက်အရ    အောင်မင်းသူသည် ဧပြီလတွင်   KNPP  လက်နက် ကိုင်အဖွဲ့ထံ၌      အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း   တက် ရောက်ခဲ့ကြောင်း၊ သန့်ဇင်အောင်၊ ထက်ပိုင်စိုး၊ ဝေယံထွန်း၊ ဘုန်းသူရ ခန့်တို့သည် KNLA   တပ်မဟာ (၃)၌လည်းကောင်း၊ သန့်ဇင်ထွန်း သည် KNLA   တပ်မဟာ(၇)၌ ဖောက်ခွဲရေးသင်တန်းများ   တက် ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။


တရားခံများ၏ ထွက်ဆိုချက် အရ    ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင်     လက်လုပ်မိုင်း လေးကြိမ် ဖောက်ခွဲခဲ့ပြီး ဖောက်ခွဲ မှုများအနေဖြင့် ဇွန်လ ၃ ရက်တွင် အောင်မင်းသူ၊   ဇင်မင်းကျော်နှင့်    ဇင်မင်းကိုတို့သည်   ဒဂုံမြို့သစ်  (ဆိပ်ကမ်း)မြို့နယ် (၇၉) ရပ်ကွက် ရှိ ရစဖမှူး ဦးစန်းဝင်း    နေအိမ် ခေါင်မိုးပေါ်သို့   လက်လုပ်မိုင်း တစ်လုံးကို လည်းကောင်း။
ဇွန်  ၁၉   ရက်တွင်   ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၉၄)ရပ်ကွက်ရှိ (A-94) လမ်းမပေါ်၌ လက်လုပ်မိုင်းတစ်လုံးကို လည်း ကောင်း။


ဇွန် ၂၆ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၉၄)ရပ်ကွက် ရစဖရုံးရှေ့၌       လက်လုပ်မိုင်း တစ်လုံးကို        လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဩဂုတ်  ၈ ရက်တွင် ဆန်းမင်းပိုင်က      ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်     (၅၅)ရပ်ကွက်    ဖူဆယ်ဘောလုံးကွင်း      အနီး၌  ဆိုင်ကယ်တွင်     လက်လုပ် မိုင်းတပ်ဆင်၍           ဖောက်ခွဲ ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


လုပ်ကြံပစ်ခတ်မှုရှစ်ကြိမ်


တရားခံများ၏ ထွက်ဆိုချက် အရ    ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့တွင် လုပ်ကြံပစ်ခတ်မှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လုပ်ကြံမှုများ အနေဖြင့်   ဇွန် ၂၈    ရက်တွင် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်  (၇၂)ရပ်ကွက်      အုပ်ချုပ်ရေးမှူးရုံး စာရေး   ဒေါ်မြတ်မြတ်ထွေးကို လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကို ချစ်က           ဆိုင်ကယ်မောင်း၍ ချစ်ကိုကို   (ဖမ်းဆီးရန်ကျန်)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။


ဇူလိုင် ၆ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၈၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး    ဦးခင်ဦးနှင့် ၎င်း၏ကားသမား ဦးအောင်လွင် တို့နှစ်ဦးကို လုပ်ကြံသတ်ဖြတ်ရာ တွင် ဇင်မင်းကျော်က ဆိုင်ကယ် မောင်း၍ အောင်မင်းသူ(ခ)ကိုသူ က    သေနတ်ဖြင့်    ခုနစ်ချက် ပစ်ခတ်ခဲ့ကြောင်း။


ဇူလိုင် ၁၄ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်       (၅၃)ရပ်ကွက်မှ     ဦးတင်ထွန်းအား   လုပ်ကြံသတ်ဖြတ်ရာတွင် ဆန်း မင်းပိုင်က    ဆိုင်ကယ်မောင်း၍         နိုင်နိုင်   (ဖမ်းဆီးရန်ကျန်) က သေနတ်ဖြင့်   နှစ်ချက်ပစ်ခတ် ခဲ့ကြောင်း။


ဇူလိုင် ၂၈ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၄)ရပ်ကွက် မှ ရာအိမ်မှူး    ဦးစောဦးအား လုပ်ကြံသတ်ဖြတ်ရာတွင် ဝေယံ ထွန်းက ဆိုင်ကယ်မောင်းနှင်ကာ သန့်ဇင်အောင်က     သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း။


ဩဂုတ် ၅ ရက်တွင်     ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်  (၅၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအား ပစ်ခတ်ခဲ့ရာတွင်   တိုးတက်ဝင်း အောင် (ခ)တိုးကြီး (ဖမ်းဆီးရန် ကျန်)က    ဆိုင်ကယ်မောင်း၍ ဝေယံထွန်းနှင့် ညီညီတို့က သေနတ် ဖြင့် ၁၂ ချက် ပစ်ခတ်ခဲ့ကြောင်း။


လုပ်ကြံသတ်ဖြတ်


ဩဂုတ် ၁၂ ရက်တွင်   ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄)ရပ်ကွက်ရှိ ကျားကြီး  လက်ဖက် ရည်ဆိုင်မှ လှမျိုးခိုင်တို့   ဇနီး မောင်နှံအား လုပ်ကြံသတ်ဖြတ် ရာတွင် ညီညီနှင့် သန့်ဇင်အောင် တို့က သေနတ်ဖြင့် ငါးချက်ပစ်ခတ် ခဲ့ကြောင်း။


သေနတ်ဖြင့် ပစ်ခတ်


ဩဂုတ် ၁၇ ရက်တွင်    ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇)ရပ်ကွက်    အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအကူ      ဦးဉာဏ်ထွန်းအား လုပ်ကြံသတ်ဖြတ်ရာတွင် ထက် ပိုင်စိုး၊ ဝေယံထွန်းနှင့် ညီညီတို့က သေနတ်ဖြင့်   နှစ်ချက်ပစ်ခတ်ခဲ့ ကြောင်း။


သေနတ်ဖြင့် သုံးချက်ပစ်ခတ်


ဩဂုတ် ၁၉ ရက်တွင်   ဒဂုံ မြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၀)ရပ်ကွက်       အောင်လံလမ်းရှိ ဒေါ်သီတာမောင်မောင်    အား လုပ်ကြံသတ်ဖြတ်ရာတွင် ထက် ပိုင်စိုးနှင့် ညီညီတို့က သေနတ်ဖြင့် သုံးချက်        ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


ထိုသို့   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်    တရားဥပဒေ စိုးမိုးရေးကို    ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း များလုပ်ဆောင်ခဲ့သူ လင်းညိုအပါ တရားခံ  ၁၉  ဦးကို    ပစ္စတို သေနတ်ခြောက်လက်၊ ကျည်အိမ် ရှစ်ခု၊ ၉ မမ ကျည် ၁၁၉ တောင့်၊ လက်လုပ်ဂက်စ်       သေနတ် တစ်လက်၊ လက်လုပ်ပွိုင့်  -  ၂၂ သေနတ်တစ်လက်၊   ကျည်မျိုးစုံ ၉၇ တောင့်၊ ရှေ့ထွက်မိုင်းနှစ်လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ ဒီတိုနေတာ တစ်ခု၊    ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။


ပူးပေါင်းပါဝင်ဆောင်ရွက်


အဆိုပါ အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်သူများနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို နှောင့်ယှက်ဆောင်ရွက်နေသူ များအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့      ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များ ရရှိပါက   သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍  ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်           ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။


သတင်းစဉ်