ကဘူးလ်လေဆိပ် အကြမ်းဖက်တိုက်ခိုက်မှု၌ သေဆုံးသူ ၁၈၃ ဦးတွင် သတင်းထောက်များလည်းပါဝင်

ကဘူးလ်  သြဂုတ်  ၂၉


သြဂုတ် ၂၆ ရက်က   အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းအပြည်ပြည် ဆိုင်ရာလေဆိပ်၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူများတွင် ရုပ်မြင်သံကြားအစီ အစဉ်ကြေညာသူ    အမျိုးသမီးတစ်ဦးအပါအဝင် သတင်းထောက်နှစ်ဦးပါဝင်ကြောင်း လွတ်လပ်သော အာဖဂန်မီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့်  အာဖဂန် နစ္စတန်သတင်းစာဆရာများစင်တာက    ယနေ့ ပြောကြားသည်။


မကြာသေးမီကဖြစ်ပွားသည့် ကဘူးလ်လေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုတွင်      ရာဟသတင်း အေဂျင်စီမှ သတင်းထောက်အာလီရီဇာအာမက်နှင့် ဂျာဟန်အီးဆီဟတ်တီဗွီ    အစီအစဉ်တင်ဆက်သူ ဟောင်းဖြစ်သည့်  နာဂျ်မာဆာဒယ်ကီတို့သေဆုံးခဲ့ ကြောင်း  သတင်းစာဆရာများစင်တာက   တွစ်တာ စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။


သြဂုတ် ၂၆ ရက်က ဟာမစ်ကာဇိုင်း အပြည်ပြည် ဆိုင်ရာလေဆိပ်၏ အရှေ့ဘက်ခြမ်းဂိတ်၌ ဘေးကင်းရာ အရပ်သို့ ပြောင်းရွှေ့ပေးမည့်လေယာဉ်ကို စောင့်ဆိုင်း နေသည့်လူအုပ်ကြီးအကြားတွင်    အသေခံဗုံးခွဲ      တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အာဖဂန်လူမျိုး ၁၇၀ ကျော်နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ၂၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ယင်းတိုက်ခိုက်မှုသည်    ဒေသဆိုင်ရာအိုင်အက်စ် စစ်သွေးကြွများ၏ လက်ချက်ဖြစ်ပြီး သေဆုံးသူများ တွင် အများအားဖြင့်  အမျိုးသမီးများနှင့်  ကလေး သူငယ်များ ပါဝင်ကြောင်း သိရသည်။


အာဖဂန်နစ္စတန်နိုင်ငံ၌  လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း သတင်းထောက်  ၁၀၀ ကျော်အသက် ဆုံးရှုံးခဲ့ခြင်းကြောင့် ကမ္ဘာပေါ်၌  သတင်းထောက်များ အတွက်    အန္တရာယ်အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင်ဖြစ်လာခဲ့သည်။

 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ