
နေပြည်တော် ဩဂုတ် ၂၉
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက် လျက်ရှိရာ ဩဂုတ် ၂၂ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် “လရိပ်ချို” တည်းခိုခန်း၌ ဖောက်ခွဲရေးသမားများ ရောက်ရှိ နေကြောင်းသတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာ အောင်မင်းသူ(ခ) ကိုသူ၊ ဇင်မင်းကျော်၊ ဇင်မင်းကို တို့အား ပစ္စတိုသေနတ် နှစ်လက်၊ ကျည် မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် သုံးခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဩဂုတ် ၂၃ ရက်တွင် ဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ် အင်းဝ အိမ်ရာမှ အောင်ကိုမင်း(ခ) လင်းညို၊ အောင်အောင်(ခ) အောင်ကြီးနှင့် နော်ခင်နှင်းဝေ(ခ) မှုံစီ တို့ သုံးဦးအား ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည် ငါးတောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ကိုမင်း(ခ)လင်းညို၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်မှ စိုးပိုင်ကျော် နှင့် သန့်ဇင်ထွန်း (ခ)သန့်ဇင် တို့ အားလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တိုးတိုး(ခ) ထွန်းထွန်းဇော် အား လက်လုပ် သေနတ် နှစ်လက်၊ ကျည်မျိုးစုံ အတောင့် ၅၀၊ ပွိုင့်-၂၂ ကျည်ခွံ ရှစ်ခု၊ အသံတိတ်ပြောင်း နှစ်ခု၊ သေနတ်ဒင် နှစ်ခု၊ လေသေနတ် ကျည်တောင့် ၁၀၀နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိ
ဆက်လက်၍ ဩဂုတ် ၂၄ ရက် တွင် ဆက်စပ်တရားခံ ဆန်းမင်း ပိုင်အား မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဘုရားအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၌ ကိုကိုချစ် အား ဖမ်းဆီးရမိခဲ့သည်။ ၎င်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၉)ရပ်ကွက် ၌ အောင်ခန့်သွင်(ခ) ဂျိုးဇက် အား လည်းကောင်း၊ (၇၀) ရပ်ကွက်၌ ဇော်ထက်အောင် အား လက်လုပ် မိုင်းမျိုးစုံ ရှစ်လုံး၊ ဒီတိုနေတာ တစ်ခု၊ သံဘောစေ့ နှစ်ထုပ်တို့ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ဆန်းမင်းပိုင်၏ ထွက်ဆို ချက်အရ သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် စံပယ်ဖြူအိမ်ရာ အား ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ဆက်စပ် တရားခံများဖြစ်သော ဘုန်းသူရ ခန့်၊ သန့်ဇင်အောင်၊ ထက်ပိုင်စိုး နှင့် ဝေယံထွန်း တို့အား ဖမ်းဆီးရမိ ခဲ့ပြီး တရားခံ ညီညီ မှာ တိုက်အမိုး ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးစဉ် ခြေချော်၍ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ သည်။ တရားခံများနှင့်အတူ CZECH REPUBLIC ပစ္စတို သေနတ် တစ်လက်၊ Glock-19 ပစ္စတိုသေနတ် တစ်လက်၊ SIG SAUER ပစ္စတိုသေနတ် တစ်လက်၊ ၉ မမ ကျည် ၈၅ တောင့်၊ ပွိုင့်-၃၈ကျည် ၄၇ တောင့်၊ ကျည်အိမ် ငါးခု၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ လက်လုပ်မိုင်း သုံးလုံး၊ စိတ်ကြွ ရူးသွပ်ဆေးပြား ငါးပြားတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ အောင်ကိုမင်း(ခ) လင်းညို၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၅ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှ ဝင်းမင်းထွဋ် အား ပြုလုပ်ဆဲ လက်လုပ်မိုင်း တစ်လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖော်ထုတ်သိရှိရ
တရားခံများ၏ ထွက်ဆိုချက် အရ အောင်မင်းသူသည် ဧပြီလ တွင် KNPP လက်နက်ကိုင်အဖွဲ့ ထံ၌ အကြမ်းဖက် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ကြောင်း၊ သန့်ဇင်အောင်၊ ထက်ပိုင်စိုး၊ ဝေယံထွန်း၊ ဘုန်းသူရခန့်တို့ သည် KNLA တပ်မဟာ(၃) ၌ လည်းကောင်း၊ သန့်ဇင်ထွန်းသည် KNLA တပ်မဟာ(၇)၌ ဖောက်ခွဲ ရေးသင်တန်းများ တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်တို့တွင် လက်လုပ်မိုင်း လေးကြိမ် ဖောက်ခွဲခဲ့ပြီး ဖောက်ခွဲ မှုများအနေဖြင့် ဇွန် ၃ ရက်တွင် အောင်မင်းသူ၊ ဇင်မင်းကျော်နှင့် ဇင်မင်းကိုတို့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၇၉) ရပ်ကွက် ရှိ ရစဖမှူး ဦးစန်းဝင်း နေအိမ် ခေါင်မိုးပေါ်သို့ လက်လုပ်မိုင်း တစ်လုံးကိုလည်းကောင်း၊ ဇွန် ၁၉ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၄)ရပ်ကွက်ရှိ (A-94) လမ်းမပေါ်၌ လက်လုပ်မိုင်း တစ်လုံးကို လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၄)ရပ်ကွက် ရစဖရုံးရှေ့ ၌ လက်လုပ်မိုင်း တစ်လုံးကို လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း သိရသည်။ ထို့ပြင် ဩဂုတ် ၈ ရက်တွင် ဆန်းမင်းပိုင်က ဒဂုံမြို့ သစ် (တောင်ပိုင်း) မြို့နယ် (၅၅)ရပ်ကွက် ဖူဆယ်ဘောလုံးကွင်း အနီး၌ ဆိုင်ကယ်တွင် လက်လုပ် မိုင်း တပ်ဆင်၍ ဖောက်ခွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်တို့တွင် လုပ်ကြံ ပစ်ခတ်မှု ရှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လုပ်ကြံမှုများ အနေဖြင့် ဇွန် ၂၈ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၂)ရပ်ကွက် အုပ်ချုပ်ရေး မှူး ရုံးစာရေး ဒေါ်မြတ်မြတ်ထွေး အား လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုချစ်က ဆိုင်ကယ်မောင်း၍ ချစ်ကိုကို (ဖမ်းဆီးရန်ကျန်)က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင် ၆ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၈၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဦးနှင့် ၎င်း၏ကားသမား ဦးအောင်လွင် တို့နှစ်ဦးအား လုပ်ကြံသတ်ဖြတ် ရာတွင် ဇင်မင်းကျော်က ဆိုင်ကယ် မောင်း၍ အောင်မင်းသူ(ခ)ကိုသူက သေနတ်ဖြင့် ခုနစ်ချက် ပစ်ခတ်ခဲ့ ကြောင်း၊ ဇူလိုင် ၁၄ တွင် ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၃)ရပ်ကွက်မှ ဦးတင်ထွန်းအား လုပ်ကြံသတ်ဖြတ်ရာတွင် ဆန်းမင်း ပိုင်က ဆိုင်ကယ်မောင်း၍ နိုင်နိုင် (ဖမ်းဆီးရန်ကျန်)က သေနတ် ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင် ၂၈ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၄)ရပ်ကွက်မှ ရာအိမ်မှူး ဦးစောဦး အား လုပ်ကြံသတ်ဖြတ်ရာတွင် ဝေယံထွန်းက ဆိုင်ကယ်မောင်းနှင် ကာ သန့်ဇင်အောင်က သေနတ် ဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ် ၅ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ပစ်ခတ် ခဲ့ရာတွင် တိုးတက်ဝင်းအောင် (ခ)တိုးကြီး (ဖမ်းဆီးရန်ကျန်)က ဆိုင်ကယ်မောင်း၍ ဝေယံထွန်းနှင့် ညီညီတို့က သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ် ၁၂ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄)ရပ်ကွက်ရှိ ကျားကြီး လက်ဖက်ရည်ဆိုင်မှ လှမျိုးခိုင်တို့ ဇနီးမောင်နှံအား လုပ်ကြံသတ်ဖြတ် ရာတွင် ညီညီနှင့် သန့်ဇင်အောင် တို့က သေနတ်ဖြင့် ငါးချက်ပစ်ခတ် ခဲ့ကြောင်း၊ ဩဂုတ် ၁၇ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအကူ ဦးဉာဏ်ထွန်းအား လုပ်ကြံ သတ်ဖြတ်ရာတွင် ထက်ပိုင်စိုး၊ ဝေယံထွန်းနှင့် ညီညီတို့က သေနတ် ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ဩဂုတ် ၁၉ ရက်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၉၀)ရပ်ကွက် အောင်လံလမ်းရှိ ဒေါ်သီတာမောင် မောင်အား လုပ်ကြံသတ်ဖြတ်ရာ တွင် ထက်ပိုင်စိုးနှင့် ညီညီတို့က သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုသို့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ခဲ့သူ လင်းညိုအပါ တရားခံ ၁၉ ဦးအား ပစ္စတို သေနတ် ခြောက်လက်၊ ကျည်အိမ် ရှစ်ခု၊ ၉ မမ ကျည် ၁၁၉ တောင့်၊ လက်လုပ် ဂက်စ်သေနတ် တစ်လက်၊ လက်လုပ်ပွိုင့် -၂၂ သေနတ် တစ်လက်၊ ကျည်မျိုးစုံ ၉၇ တောင့်၊ ရှေ့ထွက်မိုင်း နှစ်လုံး၊ လက်လုပ်မိုင်း ၁၂ လုံး၊ ဒီတိုနေတာ တစ်ခု၊ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
သတင်းပေးတိုင်ကြားနိုင်
အဆိုပါ အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်သူများနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို နှောင့်ယှက်ဆောင်ရွက်နေသူ များအား ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် အခြားဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီး ပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေး မည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်