ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

နေပြည်တော်   ဩဂုတ်   ၂၉


အကြမ်းဖက်သူများအနေဖြင့် အများပြည်သူ  ထိခိုက် စေရန်အတွက်  လက်လုပ်ဗုံးများ  ပစ်ဖောက်ခြင်း၊  ထောင်ထားခြင်းများ လုပ်ဆောင်လျက်ရှိရာ ဩဂုတ်  ၂၈  ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်   သာယာဝတီကျေးရွာရှိ    အစိုးရ နည်းပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီးအဆောင် အား  လက်လုပ်မိုင်းတစ်လုံးဖြင့်   ဖောက်ခွဲဖျက်ဆီး ခဲ့ပြီး   ပေါက်ကွဲမှုကြောင့်    “မြမဉ္ဇူ”    အဆောင်၏ ပြတင်းတံခါးမှန်     ငါးချပ်နှင့်    အုတ်နံရံ    တစ်ပေ ပတ်လည်ခန့်  ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။


အလားတူ ယနေ့ နံနက် ၁၀ နာရီ  ၁၀   မိနစ်ခန့် တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက် ၆၂ လမ်းနှင့် ၁၁၂ လမ်းထောင့် တွင် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် စစ်ဆေးလျက်ရှိသည့် နယ်ကျော်စစ်ဆေးရေး ဂိတ်အနီးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး  ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး  လမ်းပေါ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်၏  ရှေ့လေကာ မှန်၊ နောက်ဝဲ/ယာလေကာမှန်တို့ ကွဲအက်ပျက်စီး ခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။


ယခုကဲ့သို့   ပညာရေး၊  ကျန်းမာရေးလုပ်ငန်း တို့အားထိခိုက်စေရန်   အကြမ်းဖက်လုပ်ဆောင် ခဲ့သူများနှင့် ဆက်စပ်နေသူများအား ဥပဒေနှင့်အညီ  ထိရောက်စွာ   အရေးယူနိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း  ရရှိသည်။ 


သတင်းစဉ်