နိုင်ငံအတွင်းမှ လုံခြုံစိတ်ချစွာ ထွက်ခွာသွားနိုင်ရေးအတွက် အာမခံသည်ဟု တာလီဘန်များ အခိုင်အမာပြော

 

 

ကဘူးလ်  ဩဂုတ်  ၃၀


အာဖဂန်နစ္စတန်နိုင်ငံ  အတွင်းမှ ထွက်ခွာသွားလိုသူများ    လုံခြုံ စိတ်ချစွာ ထွက်ခွာသွားနိုင်ရမည် ဟု တာလီဘန်များက အခိုင်အမာ ပြောကြားထားသည့်  အာမခံချက် ကို    ရရှိခဲ့ကြောင်း    အမေရိကန် ပြည်ထောင်စုအပါအဝင်   အဖွဲ့ အစည်းနှင့် နိုင်ငံပေါင်း ၉၀ ကျော် တို့က ပြောသည်။
အိမ်ဖြူတော်ကလည်း ဩဂုတ် ၂၉ ရက်တွင်   ဂျပန်၊  ဗြိတိန်၊ ဥရောပသမဂ္ဂနှင့်     အခြားသော နိုင်ငံများ၊   အဖွဲ့အစည်းများနှင့် အတူ       ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်းမှ ခရီးသွားလာခွင့်   ရရှိထားသည့် အာဖဂန်နိုင်ငံသားများနှင့်   နိုင်ငံ ခြားသားများအားလုံး  တိုင်းပြည် အတွင်းမှ လုံခြုံစိတ်ချစွာ  ထွက်ခွာ ခွင့်ရရှိစေရေးအတွက် တာလီဘန် များထံမှ အာမခံချက်  ရရှိထားပြီ ဟု   ကြေညာခဲ့ကြသည်။ အာဖဂန် နစ္စတန်ရှိ  နိုင်ငံခြားသံရုံးအများ အပြားမှာ    ပိတ်ထားပြီဖြစ်သည့် အတွက် ဗီဇာလုပ်ငန်းစဉ်အတွက် မည်သို့လုပ်ဆောင်မည်ကို  မရှင်း လင်းဟု   အချို့သော ကျွမ်းကျင်သူ များကပြောသည်။   ဩဂုတ်   ၂၆ ရက်  ကဘူးလ်မြို့  လေဆိပ်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၀၀  ကျော်   အသက် ဆုံးရှုံးရပြီးနောက်   ကဘူးလ်မြို့ တွင်   တင်းမာမှုများ   ဆက်လက် မြင့်မားနေဆဲဖြစ်သည်။  ဩဂုတ် ၂၉ ရက်ကလည်း  အမေရိကန်တို့ က ဒရုန်းဖြင့်  တိုက်ခိုက်မှုပြုလုပ် ခဲ့သည်။  လေဆိပ်တွင်   အကြမ်း ဖက်တိုက်ခိုက်မှု    ခြိမ်းခြောက်မှု အန္တရာယ်ကို  ဖယ်ရှားပေးနိုင်ရေး အတွက်  လေကြောင်းတိုက်ခိုက် မှု   ပြုလုပ်ခဲ့ခြင်း    ဖြစ်သည်ဟု ပြောသည်။       အမေရိကန်တပ်များ အာဖဂန်နစ္စတန်နိုင်ငံ  အတွင်းမှ   ထွက်ခွာရမည့်      နောက်ဆုံး သတ်မှတ်ရက်မှာ   ဩဂုတ် ၃၁ ရက်ဖြစ်သည်။  အင်န်အိတ်ချ်ကေ