ဆီးရီးယားနှင့် အီရန်စီးပွားရေး ဆွေးနွေး

 

 

ဒမတ်စကတ်  ဩဂုတ်  ၃၀


ဆီးရီးယားသမ္မတ ဘတ်ရှာအယ်အာဆတ်သည် ဩဂုတ် ၂၉ ရက်တွင် အလည်အပတ် ရောက်ရှိနေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမီယာအဗ္ဗဒူလာဟင်နှင့်     ဒမတ် စကတ်မြို့တွင် တွေ့ဆုံခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်  တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု ဆာနားသတင်းဌာနတွင်  ဖော်ပြခဲ့သည်။ 
စီးပွားရေးနှင့်ကုန်သွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရေးအတွက် ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးခဲ့ ခြင်းဖြစ်သည်။ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာတို့တွင် နောက်ဆုံးဖြစ်ပေါ်နေသည့်ကိစ္စများကို နှစ်ဦးစလုံးက ဆွေးနွေးခဲ့ကြသည်။ ဆီးရီးယားနိုင်ငံသည် အကြမ်းဖက်မှု ကို တိုက်ဖျက်သွားမည်ဟု ဆီးရီးယားသမ္မတအာဆတ်က  ပြောကြားခဲ့သည်။
 ဆင်ဟွာ