အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၄၃၆ ဦးရှိလာပြီး ၅၆၈ ဦးထပ်မံသေဆုံး

 

 

ဂျကာတာ သြဂုတ် ၃၀  


အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၃၀ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၄၃၆ ဦးရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၇၉၂၆၇ ဦးအထိရောက်ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၅၆၈ဦး  ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၃၂၄၉၁ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်   ဖြစ်ပွားမှုမှ   ပြန်လည်    ကောင်းမွန်လာပြီး ဆေးရုံမှ ဆင်းလာသူ ၁၉၃၉၈ ဦး ရှိလာသောကြောင့်   စုစုပေါင်း ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်    ကောင်းမွန်လာသူ ၃၇၄၃၇၁၆ဦးအထိ  ရောက်ရှိ လာသည်။ 
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော   အင်ဒိုနီးရှားနိုင်ငံ သည်    သြဂုတ်  ၃၀ရက်က နောက်ထပ်အသင့်သုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့်   တရုတ် ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ် ဆေးနှင့်   အက်စ်ထရာဇနီကာ ကိုဗစ်-၁၉    ကာကွယ်ဆေး အများအပြားလက်ခံရရှိခဲ့သည်။ 
ယခု  ကာကွယ်ဆေးလက်ခံ ရရှိမှုနှင့်ဆိုလျှင် အင်ဒိုနီးရှားနိုင်ငံ သည် မတူညီသောကာကွယ်ဆေးထုတ်လုပ်သူများထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး  ပေါင်း ၂၁၇သန်း ကျော်ရရှိထာကြောင်း သိရသည်။ 
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ  ၂  သန်းကို    ကာကွယ်ဆေး ထိုးပေးနိုင်ရန်        ရည်မှန်းချက် ထား  ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများသည်  အင်ဒို နီးရှား    နိုင်ငံသားများအားလုံး အတွက် အခမဲ့ဖြစ်သည်။   
သြဂုတ် ၃၀ ရက်အထိ  လူ ပေါင်းအနည်းဆုံး ၃၅ ဒသမ ၃၁ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်   ထိုးနှံပြီးပြီဖြစ်ကြောင်း သိရကာ   ကိုဗစ်-၁၉ ကာကွယ်  ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း   ၆၂ ဒသမ   ၂၉    သန်းရှိကြောင်း ကျန်းမာရေး   ဝန်ကြီးဌာနက  သတင်းထုတ်ပြန်   ကြေညာလိုက် သည်။ 
အင်ဒိုနီးရှား    အစိုးရသည် အမျိုးသား   ကာကွယ်ဆေးထိုး လိုအပ်ချက်ကို ပြည့်မီရန် ကိုဗစ်-  ၁၉     ကာကွယ်ဆေးများကို  ပိုမို ရရှိနိုင်ရေး  ဆက်လက်ကြိုးစား ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ