အကြမ်းဖက်သူ အမျိုးသား လေးဦးက သေနတ်ဖြင့် ခြိမ်းခြောက်၍ ကမ္ဘာ့ရတနာဘဏ်မှ ငွေကျပ်သိန်းတစ်ထောင်ခန့်အား လုယက်ယူဆောင်

 

 

နေပြည်တော် ဩဂုတ် ၃၀


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌  အကြမ်းဖက်သူ   အမျိုးသား    လေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့်  ခြိမ်းခြောက်၍ ကမ္ဘာ့ရတနာဘဏ်မှ   ငွေကျပ်သိန်း တစ်ထောင်ခန့်ကို      လုယက်ယူဆောင်သွားခဲ့ကြောင်း   သိရသည်။
သေနတ်ဖြင့် ခြိမ်းခြောက်
ဖြစ်စဉ်မှာ   ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်        အမှတ်(၁)ရပ်ကွက်   သမိုင်းမြို့ဟောင်း   (၈)လမ်းရှိ   ကမ္ဘာ့ရတနာဘဏ်သို့ Mark II ယာဉ်  (စိစစ်ဆဲ)ဖြင့် ရောက်ရှိလာသော  အကြမ်းဖက် သူ  အမျိုးသား လေးဦး(စိစစ်ဆဲ)က     ပစ္စတိုသေနတ်ဟု  ယူဆရ သော    သေနတ်အတို   ကိုယ်စီ ကိုင်ဆောင်၍  ဘဏ်အတွင်းသို့  ဝင်ရောက်လာကာ ဘဏ်ဝန်ထမ်း များအား         သေနတ်ဖြင့်    ခြိမ်းခြောက်၍ ကောင်တာစားပွဲ ပေါ်နှင့် ကြမ်းပြင်ပေါ်တွင်    စီထား သော  ငွေကျပ် သိန်းတစ်ထောင်ခန့် အား    လုယက်ယူဆောင်ပြီး  Mark  II  ယာဉ်ဖြင့်  သမိုင်းဘူတာရုံ   လမ်းအတိုင်း         လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်      ဘက်သို့    မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
အထက်ပါ       အကြမ်းဖက် လုယက်မှုဖြစ်စဉ်မှ  သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေများလုယက် ယူဆောင်သွားသူများအား အမြန် ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက     အသေးစိတ် ပိတ်ဆို့    ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  
  သတင်းစဉ်