ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်  ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


 

နေပြည်တော်  ဩဂုတ် ၃၀  


ရှမ်းပြည်နယ်(မြောက်ပိုင်း)    နောင်ချိုမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ  မူးယစ် ဆေးဝါးများ    ဖမ်းဆီးရမိခဲ့ကြောင်း   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ   သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခွဲတွင် နောင်ချို မြို့နယ် လားရှိုး-မန္တလေးသွား ကားလမ်း  အိုရီယမ် တယ်တိုးဂိတ်အနီးတွင်    သတင်းအရ   သီပေါမှ မန္တလေးသို့   စိုင်းဘိုးစာ(၃၁ နှစ်)  မောင်းနှင်ပြီး အောင်မိုး(၂၈)နှစ် လိုက်ပါလာသည့် ခြောက်ဘီးယာဉ် ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ နောက်မှလိုက်ပါလာသည့် မျိုးချစ် (၅၀ နှစ်) မောင်းနှင် ပြီး ထွန်းနိုင်(၃၁ နှစ်) လိုက်လာ သည့် ခြောက်ဘီးယာဉ်ကို  ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၁ သိန်း၊   အိုက်စ်   (မက်သ်အဖက်တမင်း)  ၁ ကီလို၊  ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့ကို ရှာဖွေ တွေ့ရှိသဖြင့်    သိမ်းဆည်းရမိ  မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ဖြစ်ပြီး  ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့်     စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားရှိ ကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား  စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။                                         သတင်းစဉ်