
ဟန္ဒိုင်း ဩဂုတ် ၃၀
ဗီယက်နမ်နိုင်ငံ၌ ယနေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၂၂၄ ဦးအား ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူပေါင်း ၄၄၉၄၈၉ ဦးရှိလာကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ယခုဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူများအနက် ပြည်တွင်း၌ ကူးစက်ခံရသူ ၁၄၂၁၉ ဦးရှိပြီး ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ငါးဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကပြောကြားသည်။ ထို့ပြင်ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၁၀၆၄ ဦး ရှိလာကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုများအား နိုင်ငံ၏တောင်ပိုင်းဒေသများ၌ တွေ့ရှိခဲ့ရာ၌ ဘန်ဒေါင်းပြည်နယ်တွင် ၆၀၅၀၊ မြို့တော်ဟိုချီမင်း၌ ၅၈၈၉ ဦးနှင့် လောင်အန်း ပြည်နယ်၌ ၅၂၄ ဦးတို့ကို အသီးသီးတွေ့ရှိရသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၂၂၈၈၁၆ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၉ ဒသမ ၇ သန်းကျော်အား ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ