မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဩဂုတ်  ၃၀


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့  မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မြစ်ကြီးနား မြို့ အေးမြသာယာရပ်ကွက်တွင် ဟိန်းလွင်စိုး မောင်းနှင်လာသည့်   ဆိုင်ကယ်ကို    ရပ်တန့် စစ်ဆေးရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၅ နာရီတွင်  တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့    ညောင်ဖြူစခန်းရပ်ကွက် အမှတ်(ည/၆၇)ရှိ  စိုးသူ၏နေအိမ်ကို သတင်း အရ ဝင်ရောက်ရှာဖွေရာ ငွေကျပ်သိန်း ၂၅၂၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀၊ ဘိန်းဖြူ   သုည  ဒသမ  ၆  ကီလို၊  FieIder အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့်မော်တော် ဆိုင်ကယ် နှစ်စီးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် တာပုံကျေးရွာအုပ်စု နားဖကျေးရွာအနီးတွင် လာတူး  မောင်းနှင်လာသည့်   ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ    စိတ်ကြွရူးသွပ် ဆေးပြား ၅၈၀၀ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။


ထို့ပြင်  ဩဂုတ် ၂၈ ရက်   ညပိုင်းတွင်  မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာအုပ်စု    မြိတ်တောင်(အလယ်ပိုင်း)ကျေးရွာ   အရှေ့သိမ်လမ်းတွင်  တင်လင်းဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ         စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀ ကိုလည်းကောင်း၊  စစ်ဆေးပေါ်ပေါက် ချက်အရ       ကျော်ဇင်လတ်(ခ)ခိုင်ငယ်နှင့်  ပြည့်ဖြိုးအောင်(ခ)ကိုဦးကို    လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် အုန်းချောနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီး မြို့နယ် နားဋောင်းကျကျေးရွာအနီး ပြင်ဦးလွင်- မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် (၁၃/၃) အနီးတွင် မော်တော်ယာဉ်တစ်စီး ရပ်တန့်ထား သည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် အောင်ဇော်နှင့် မျိုးမင်း ဦးတို့ နှစ်ဦးကို တွေ့ရှိရပြီး  စိတ်ကြွရူးသွပ် ဆေးပြား ၄၅၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား