
မနီလာ သြဂုတ် ၃၁
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လှုပ်ရှားမှုကို ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်တစ်သုတ်ကို သြဂုတ် ၃၁ ရက်က ထပ်မံပေးပို့လိုက်သည်။
တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်မှစကာ ပထမဆုံး ကိုရိုနာဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့ခဲ့ပြီး မတ် ၁ ရက်တွင် စတင်သော ကာကွယ်ဆေးထိုး လှုပ်ရှား မှုကို ကူညီပေးခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၃ သန်းကို ထိုးပေးပြီးဖြစ်သည်။ လူဦးရေ ၁၃ ဒသမ ၈ သန်းကျော် ကာကွယ် ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သည်။ အစိုးရသည် ယခုနှစ်တွင် လူဦးရေ သန်း ၇၀ အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားသည်။
ယနေ့အချိန်အထိ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ် ဆေးထုတ်လုပ်သူများထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅၂ သန်း နီးပါးကို လက်ခံရရှိထားသည်။ တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးအများဆုံး ထောက်ပံ့ပေးခဲ့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံတွင် သြဂုတ် ၃၁ ရက်အထိ ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၁၉၈၉၈၅၇ ဦးရှိပြီး ၎င်းတို့အနက် ၃၃၄၄၈ ဦး သေဆုံး ခဲ့သည်။ ဆင်ဟွာ