အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၃၃ သန်းနီးပါးရှိလာ

 

 

နယူးဒေလီ   သြဂုတ်  ၃၁


အိန္ဒိယနိုင်ငံတွင်  လွန်ခဲ့သော   ၂၄ နာရီအတွင်း ကိုဗစ်-၁၉    ထပ်မံကူးစက်သူ     ၃၀၉၄၁ ဦး အပါအဝင်      ကိုဗစ်-၁၉     ကူးစက်သူပေါင်း ၃၂၇၆၈၈၈၀ အထိ  ရှိလာခဲ့ကြောင်း  ကျန်းမာ ရေးဝန်ကြီးဌာန၏       နောက်ဆုံးထုတ်ပြန် လိုက်သော    အချက်အလက်များတွင်   ဖော်ပြ ထားသည်။ 
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး သူ  ၃၅၀   ရှိလာမှုနှင့်အတူ   စုစုပေါင်း  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၃၈၅၆၀ အထိ ရှိလာ ခဲ့သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် တွင် တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူ အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။ 
နိုင်ငံအတွင်း    လတ်တလော    ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၃၇၀၆၄၀ ရှိသည်။ 
ယခုအချိန်အထိ   ကိုဗစ်-၁၉    ကူးစက်မှု မှ      ပြန်လည်ကောင်းမွန်လာပြီး    ဆေးရုံမှ   ဆင်းလာသူ  ၃၁၉၅၉၆၈၀ ရှိလာပြီ ဖြစ်သည်။                     
  ဆင်ဟွာ