အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၉၄၁ ဦးရှိ

နယူးဒေလီ  ဩဂုတ် ၃၁


အိန္ဒိယနိုင်ငံ၌  လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၉၄၁ ဦးရှိခြင်းကြောင့်    နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၂၇၆၈၈၈၀ ရှိလာကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး အချက်အလက်များအရ သိရသည်။


သေဆုံးသူပေါင်း ၄၃၈၅၆၀ ရှိ

ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉   ရောဂါ ကြောင့် သေဆုံးသူ ၃၅၀ ထပ်တိုးလာခြင်း ကြောင့်  နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူပေါင်း ၄၃၈၅၆၀ ရှိလာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌    တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအများ ဆုံးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူအများဆုံးပြည်နယ်သည်   ကီရာလာ ပြည်နယ်ဖြစ်ကြောင်းလည်း    အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက    သတင်း ထုတ်ပြန်သည်။


လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာပေါင်း ၃၇၀၆၄၀ ရှိကြောင်းနှင့်    လွန်ခဲ့သည့်တစ်ရက် အတွင်း   ကိုဗစ်-၁၉  ရောဂါမှ    ပြန်လည် ကျန်းမာလာသဖြင့်   ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၆၂၇၅ ဦးရှိခြင်းကြောင့် တစ်နိုင်ငံလုံး         အတိုင်းအတာအရ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း   ၃၁၉၅၉၆၈၀   ရှိလာကြောင်း အိန္ဒိယကျန်းမာရေး     ဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်