
ကဘူးလ် စက်တင်ဘာ ၁
ကာတာနိုင်ငံအနေဖြင့် ကျန်ရှိနေသော ၎င်းတို့၏ နိုင်ငံသားများကို အာဖဂန်နစ္စတန်မြေမှ ဘေးကင်း စွာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နိုင်ရန် တာလီဘန် များနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နေသည်။
နိုင်ငံခြားသားများနည်းတူ နိုင်ငံအတွင်း သောင်တင်နေသူများမှာ ဖြုတ်ချခြင်းခံရသော အစိုးရအတွက် အလုပ်လုပ်ပေးပြီးနောက် သို့မဟုတ် နိုင်ငံတကာလုပ်ငန်းများ လုပ်ကိုင်ပြီးနောက် ထွက်လမ်းရှာနေသော အာဖဂန်လူမျိုးများဖြစ်သည်။
ကာတာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးသည် သြဂုတ် ၃၁ ရက်က ဒိုဟာတွင် တာလီဘန် ကိုယ်စားလှယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ အစည်းအဝေးကို တာလီဘန်တို့၏ တောင်းဆိုမှုဖြင့် စတင်လိုက်သည်။ ၎င်းတို့သည် အာဖဂန်နစ္စတန် နိုင်ငံတွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသားများ စောစီးစွာ နေရပ်ပြန်ရေးနှင့် ဘေးကင်းလုံခြုံရေး၊ အိန္ဒိယနိုင်ငံသို့ လာရောက်လိုသည့် အာဖဂန်နိုင်ငံသား များ ခရီးသွားလာနိုင်ရေးတို့ကို အဓိကဆွေးနွေး ခဲ့သည်။
ဗြိတိန်အစိုးရကလည်း သြဂုတ် ၃၁ ရက်က ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ကို တာလီဘန် တို့နှင့်တွေ့ဆုံရန် ကာတာသို့စေလွှတ်ခဲ့သည်။
တာလီဘန်တပ်ဖွဲ့သည် အမေရိကန်တို့ ဆုတ်ခွာ သွားပြီးကတည်းက ကဘူးလ်လေဆိပ်ကို အပြည့် အဝ ထိန်းချုပ်လိုက်ပြီဖြစ်သည်။
တာလီဘန်နှင့် ချစ်ကြည်ရေးတည်ဆောက် ထားသော ကာတာနိုင်ငံခြားရေးဝန်ကြီးက ကာတာ သည် ကဘူးလ်လေဆိပ်လုပ်ငန်း ဆောင်ရွက်ချက် များကို ထောက်ပံ့ကူညီရန် တာလီဘန်တို့နှင့် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။
လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရန် တာလီ ဘန်တို့ ကြိုတင်ကတိပေးထားသည့်အတိုင်း လေဆိပ်ပြန်ဖွင့်ရေးသည် အာဖဂန်နစ္စတန်နိုင်ငံ အတွက် အရေးကြီးဆုံးကိစ္စရပ်ဖြစ်ကြောင်း ကာတာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက် ဘင်အဗ္ဗဒူရာမန် အယ်လ်သာနီက ပြောသည်။
အင်န်အိတ်ချ်ကေ