
နေပြည်တော် စက်တင်ဘာ ၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီတွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ နမ္မတီး-မြစ်ကြီးနား သွား ကားလမ်း မရမ်းကျေးရွာအနီးတွင် မသင်္ကာဖွယ် ရပ်တန့်ထားသော တန်ထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ရွှေခမ်း(ခ)အိုက်ခမ်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ တန်ထွန်းထံမှ ငွေကျပ်သိန်း ၁၄၃၀ တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို နှင့် ရွှေခမ်း(ခ)အိုက်ခမ်းထံမှ ဘိန်း ဖြူ ၁ ဒသမ ၁ ကီလိုကို သိမ်းဆည်း ရမိခဲ့သည်။
အလားတူ ယင်းနေ့ ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ် ချောင်းတောင်ကျေးရွာ အနီးတွင် ရှိုင်းငယ်ငယ်(ခ) ကြောင်မီးဖုတ် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား