
မော်စကို စက်တင်ဘာ ၁
ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၈၁၃ ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၆၉၁၈၉၆၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံရောဂါတုံ့ပြန်ရေးစင်တာက ယနေ့ပြောသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ၇၉၅ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံး သူပေါင်း ၁၈၃၂၂၄ ဦးရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၈၆၂၄ ဦး ရောဂါမှ ပြန်လည်သက်သာလာသည့်အတွက် ဆေးရုံများမှ ပြန်လည်ဆင်းသွားခဲ့ရာ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၆၁၈၁၀၅၄ ဦးရှိလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် မြို့တော်မော်စကို၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၆၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ မြို့တော်အတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၅၆၇၅၃၈ ဦးရှိလာပြီဖြစ်သည်။
မော်စကိုမြို့တော်ဝန် ဆိုဘီရန်အင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ နိုင်ငံအတွင်း၌
လက်ရှိအချိန်အထိ မြင့်တက်လျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး စည်းမျဉ်းများကို တိကျစွာ လိုက်နာကြရန် ပြောသည်။ လက်ရှိအချိန်အထိ ပြည်သူ ၃၆ ဒသမ ၄ သန်းကျော် အား ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပြည်သူ ၃၅ ဒသမ ၅ သန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုမြှင့်တင်ရေး အစီအစဉ်တစ်ရပ်အနေဖြင့် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကာကွယ်ဆေး လာရောက်ထိုးနှံသူများအနက် ပြည်သူ ၁၀၀၀ ခန့် အား အမေရိကန်ဒေါ်လာ ၁၃၄၈ စီ ရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်