
ဝါရှင်တန် မတ် ၁၂
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဗြိတိန်အပါအဝင် ဥရောပတိုက်မှ အမေရိကန်နိုင်ငံသို့ ခရီး သွားလာမှု အားလုံးကို ရက် ၃၀ ကြာ ဆိုင်းငံ့ လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားသည်။
မတ် ၁၃ ရက် ညပိုင်းမှစ၍ စည်းမျဉ်း များ အသက်ဝင်လာမည်ဟု ယမန်နေ့က ဘဲဥပုံ ခန်းမတွင်ပြောကြားသည့် ရုပ်သံမိန့်ခွန်းတစ်ခု အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။ တရုတ်နိုင်ငံသို့ ခရီးသွားလာခွင့် ကန့်သတ် ချက်များပြုလုပ်ခြင်းအပါအဝင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ အမေရိကန်အစိုးရက ထိရောက် သောဆောင်ရွက်ချက်များ လုပ်ဆောင်နေ ကြောင်း ၎င်းက ပြောသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဒဏ်ခံခဲ့ရသည့် ကုမ္ပဏီများ အတွက် အပိုထောက်ပံ့မှု ပြုလုပ်ပေးမည်ဟု လည်း ဒေါ်နယ်ထရမ့်က ပြောသည်။
အသေးစားလုပ်ငန်းများသို့ အတိုးနှုန်း သက်သာသည့်ချေးငွေများ ထောက်ပံ့မည့် အစီအစဉ်တစ်ခုအတွက် ရန်ပုံငွေကို ဒေါ်လာ ဘီလီယံ ၅၀ အထိ တိုးမြှင့်ပေးရန် ကွန်ဂရက်သို့ တောင်းခံနေကြောင်း ၎င်းကဆိုသည်။ သမ္မတ ဒေါ်နယ်ထရမ့်က ငွေကြေးစျေးကွက် ခိုင်မာ တောင့်တင်းစေရန်နှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို လျစ်လျူရှုနေသည်ဆိုသော ဝေဖန်မှုကို ရှောင်လွှဲရန် ကြိုးပမ်းနေသည်ဟု လေ့လာ သူများက ပြောသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - ကျော်ထိုက်စိုး