မြိတ်၊ ဟိုပန်နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၂ 


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်း ရေး  ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ  ၁  ရက်  မွန်းလွဲ  ၁ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာရှိ သီဟဇော်၏ နေအိမ် သို့  ဝင်ရောက်စစ်ဆေးရှာဖွေရာ ၎င်းအားတွေ့ရှိရပြီး      စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၀၀ သိမ်းဆည်း ရမိခဲ့သည်။  

စစ်ဆေးပေါ်ပေါက် ချက်အရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် တွင်  မြိတ်မြို့နယ်  မြိတ်တောင် ကျေးရွာအတွင်း၌  မရွှေကျင်ကို စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် ဟိုပန်မြို့နယ် မတ်ဝမ် ကျေးရွာအနီး  မတ်ဝမ်-ခြူးရွှေ ကျေးရွာသွား   လမ်းမပေါ်တွင် သတင်းအရ      သူရကျော်(ခ)လှကျော်     မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀  ကို လည်းကောင်း၊  ညနေ ၆ နာရီ  ၃၅  မိနစ်တွင်  အဆိုပါ နေရာ၌ပင်  ကျန်ချိုင်  မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ စက်တင်ဘာ ၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် နောင်ချို မြို့နယ် အိုရီယမ်တယ် တိုးဂိတ် အနီး    မူဆယ်-မန္တလေးသွား ကားလမ်း မိုင်တိုင်အမှတ်(၇၉/၁)တွင် ခင်မောင်လွင် မောင်းနှင်ပြီး အောင်သန်း    လိုက်ပါလာသည့် Kluger  အမျိုးအစား မော်တော် ယာဉ်ကို   ရပ်တန့်စစ်ဆေးရှာဖွေ ရာ      စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀၀၀  ကို  သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့်    စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ အရေးယူထားကြောင်း    သိရ သည်။ 


ရဲပြန်ကြား