
ဂျကာတာ မတ် ၁၁
COVID-19 ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံ၌ ပထမဦးဆုံး သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက ယနေ့ကြေညာသည်။
ရောဂါအခံရှိသူဖြစ်
အဆိုပါ သေဆုံးသူသည် ပြည်ပနိုင်ငံတစ်နိုင်ငံမှ လာရောက်သော အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသမီး ဖြစ်ပြီး ၎င်းမှာ ဆီးချို၊ သွေးတိုးနှင့် အဆုတ်ရောဂါရှိသူ ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အင်ဒိုနီးရှား အစိုးရ ၏ ပြောရေးဆိုခွင့်ရှိသူ အာခ်မက်ယူရီယံတိုက ပြောကြား သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသော လူနာသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၂ နာရီခန့်က သေဆုံးသွား ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဂျကာတာမြို့၌ ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြား သည်။
အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၂၇ ဦးရှိသည်။ ၎င်းတို့အနက် နှစ်ဦးသည် ရောဂါမှ ပြန်လည် သက်သာလာခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါနှစ်ဦးသည် ၎င်းတို့၏ နေအိမ်တွင် သီးသန့်နေထိုင်ရန် လိုအပ်ကြောင်း ယူရီယံတိုက ထပ်မံ ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတ