
ဒမတ်စကတ် စက်တင်ဘာ ၃
ဒမတ်စကတ်မြို့ကိုပစ်မှတ်ထားကာ ဩဂုတ် ၂ ရက် သန်းခေါင်ယံတွင် အစ္စရေးဘက်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဆာနားသတင်းဌာန တွင် ဖော်ပြထားသည်။ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးမှ ဒမတ်စကတ်အနောက်တောင်ပိုင်း တွင် ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ ကြောင်း သိရသည်။
ဒမတ်စကက်မြို့ရှိ စစ်ဘက်ဆိုင်ရာနေရာများကို ပစ်မှတ်ထား၍ အစ္စရေးတို့ကတိုက်ခိုက်မှုပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့် ကြည့်ရေးအုပ်စုကပြောသည်။ ဩဂုတ် ၂၀ ရက်က လည်း ဒမတ်စကတ်မြို့ နေရာအတော်များများကို ပစ်မှတ်ထားကာ အစ္စရေးတို့က တိုက်ခိုက်မှုပြုလုပ်ခဲ့ သည်။ ဆင်ဟွာ