ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)၌ အကြမ်းဖက်သူ အမျိုးသား သုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်ကို လုယက်ယူဆောင်

နေပြည်တော် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)   ကျောက်မဲမြို့ရှိ  ကမ္ဘောဇဘဏ်ခွဲအမှတ် (၁၀၆)၌ အကြမ်းဖက်သူ အမျိုးသား သုံးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်ကို လုယက် ယူဆောင်သွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ   စက်တင်ဘာ   ၃ ရက်   မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့    အမှတ်(၂)ရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ်(၁၀၆)ရှေ့သို့ မော်တော်ယာဉ်(စိစစ်ဆဲ) တစ်စီး ဖြင့် အကြမ်းဖက်သူ အမျိုးသား သုံးဦး(စိစစ်ဆဲ) ရောက်ရှိလာ၍   တစ်ဦးမှာ   ကားအတွင်း စောင့်နေခဲ့ပြီး  ကျန်အမျိုးသား နှစ်ဦးအနက် တစ်ဦးမှာ   သေနတ်ကိုင်ဆောင်၍   ဘဏ်အတွင်း  ဝင်ရောက်ကာ ငွေကျပ်သိန်း ၁၀၀၀ ခန့်ကို  လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ    အကြမ်းဖက်လုယက်မှုဖြစ်စဉ်မှ   သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေများ  လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက် သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                       သတင်းစဉ်