ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာ ၁၂ ရက်မှစတင်ကာ ကျောင်းများနှင့် ကောလိပ်များ ပြန်လည်ဖွင့်လှစ်မည်

 

ဒါကာ  စက်တင်ဘာ  ၄


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စာသင် ကျောင်းများနှင့်  ကောလိပ်များကို စက်တင်ဘာ ၁၂ ရက်မှစတင်ကာ ပြန်လည်   ဖွင့်လှစ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေညာ သည်။  


ဘင်္ဂလားဒေ့ရှ်တွင်  ကျောင်း များ  ပိတ်ထားရသည်မှာ ၁၈ လ တာ ရှိနေပြီဖြစ်သည်။ ပညာရေး ဝန်ကြီး ဒီပူမိုနီက စက်တင်ဘာ ၃ ရက်တွင်    ယခုလို   ကြေညာခဲ့ခြင်း ဖြစ်သည်။  


တိုင်းပြည်အတွင်း ကိုဗစ်-၁၉ အခြေအနေကို       မူတည်ကာ စာသင်ချိန်များ  တိုးမြှင့်သတ်မှတ် သွားမည်ဟု   ပညာရေးဝန်ကြီးက ပြောသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ သည် အစောပိုင်းက ကျောင်းများ ကို   အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်သွားမည်ဟု ကြေညာ ခဲ့သည်။


ပြီးခဲ့သည့်နှစ်  မတ်လအတွင်း မှစတင်ကာ  ကိုဗစ်-၁၉  အခြေ အနေကြောင့်    အလယ်တန်း ကျောင်းများနှင့်      အထက်တန်း ကျောင်းများကို    ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။


လွန်ခဲ့သည့်နှစ်      မတ်လ အတွင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခရိုင်များအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပျံ့နှံ့ခဲ့ သည်။ 
ကိုဗစ်-၁၉   ကူးစက်ခံရသူ ပေါင်း ၁၅၁၀၂၈၃  ဦးအထိရှိပြီး သေဆုံးသူ   စုစုပေါင်းမှာလည်း ၂၆၄၃၂ ဦးရှိသည်။          

ဆင်ဟွာ