အမေရိကန်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၃၇၃ ဒသမ ၅ သန်းကျော်ရှိလာ

ဝါရှင်တန်    စက်တင်ဘာ   ၄ 

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံမှုခံယူပြီးသူ ၃၇၃၅၁၆၈၀၉ ဦးရှိပြီဖြစ်ကြောင်း  အမေရိကန်ရောဂါ ကာကွယ် ထိန်းချုပ်ရေးစင်တာက  ယနေ့ပြောကြားသည်။ 

နိုင်ငံတစ်ဝန်း၌      ကာကွယ်ဆေးအလုံးရေ ၄၄၇၆၁၉၇၁၅ ခန့် ဖြန့်ဖြူးပေးထားပြီးဖြစ်သည်။ 

လက်ရှိအချိန်အထိ ပြည်သူ ၂၀၆၄၆၁၈၆၉ ဦး  သည် ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ပြီး    ပြည်သူ   ၁၇၅၅၃၈၀၂၅   ဦးသည်  ကာကွယ်ဆေးနှစ်ကြိမ်  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက ဆိုသည်။ 

နိုင်ငံအတွင်း၌ Moderna ၊ Pfizerနှင့် Johnson & Johnson ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  အသုံးပြုလျက်ရှိသည်။ 

ထို့ပြင် ပြည်သူ ၁ ဒသမ ၂၅ သန်းသည် Pfizer  သို့မဟုတ် Moderna  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး နောက်ထပ်တစ်ကြိမ်     ထိုးနှံမှုခံယူပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါအား ကာလရှည်ကြာ ခုခံကာကွယ် နိုင်ရန်အတွက်   ပြည်သူများအား  ကာကွယ်ဆေး နောက်ထပ်တစ်ကြိမ် အပိုထပ်ဆောင်းထိုးနှံမှုခံယူရန်  အမေရိကန်အာဏာပိုင်များက     တိုက်တွန်းထား ကြောင်း သိရသည်။ 

ကိုးကား- စီအင်န်အေ
ဘာသာပြန်- အောင်ကျော်ကျော်