
မော်စကို စက်တင်ဘာ ၅
ရုရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၆၄၅ ဦးထပ်မံစစ်ဆေး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇၉၃ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ နိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၇၀၁၂၅၉၉ ဦးရှိလာပြီး သေဆုံး သူပေါင်း ၁၈၇၂၀၀ ရှိလာသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၅၂၅၆ ဦး ရောဂါမှပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံများမှဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေ
အနေပြန်လည်ကောင်းမွန်လာသူပေါင်း ၆၂၇၀၇၃၁ ဦး ရှိလာပြီဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် မြို့တော်မော်စကို၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၄၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ မြို့တော်အတွင်း ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၁၅၇၅၃၅၅ ဦးရှိလာသည်။
ထိုးနှံမှုခံယူပြီးဖြစ်
လက်ရှိအချိန်အထိ ပြည်သူ ၃၈ ဒသမ ၃ သန်း ကျော်သည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်