အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇ ဒသမ ၈၇ သန်းနီးပါးရှိ

အဒစ်အဘာဘာ   စက်တင်ဘာ  ၅

အာဖရိကတိုက်၌ ယမန်နေ့  မွန်းလွဲပိုင်းအထိ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း   ၇၈၆၉၇၀၉ ဦးရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


သေဆုံးသူစုစုပေါင်း ၁၉၈၅၈၇ ဦးရှိ


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့်  အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏  ပြောကြားချက်အရ  အာဖရိကတိုက်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၉၈၅၈၇ ဦးရှိကြောင်း သိရသည်။


လက်ရှိတွင်   အာဖရိကတိုက်၌   ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသဖြင့်   ဆေးရုံအသီးသီးမှ   ဆင်းခွင့်ရရှိသူစုစုပေါင်း ၇၀၄၆၁၆၄ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၊    မော်ရိုကိုနိုင်ငံ၊    တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိကတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးခံရသည့် နိုင်ငံများဖြစ်ကြောင်း  သိရသည်။


ရောဂါဖြစ်ပွားမှုဒဏ်အများဆုံး


အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုဒဏ်အများဆုံးခံရသည့်ဒေသဖြစ်ပြီး    မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ဒုတိယဖြစ်ပွားမှုအများဆုံးဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် အနည်းဆုံးဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n