
ဟနွိုင်း စက်တင်ဘာ ၅
ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၁၃၇ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံ အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၂၄၃၀၇ ဦးရှိပြီး သေဆုံးသူပေါင်း ၁၃၀၇၄ ဦးရှိကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ပြည်တွင်းကူးစက်ခံရသူများဖြစ်
အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၃၁၀၁ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန် ၃၆ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်သည်။
ထို့ပြင် ယင်းကူးစက်ခံရသူအများစုကို နိုင်ငံ၏ တောင်ဘက်ပိုင်းမှ အများဆုံးစစ်ဆေးတွေ့ရှိရသည်။ ဟိုချီမင်းစီးတီး၌ ၆၂၂၆ ဦး၊ ဘင်ဒေါင်ခရိုင်၌ ၃၅၄၀ နှင့် ဒေါင်နန်ခရိုင်၌ ၁၂၄၃ ဦးတို့ကို အသီးသီး တွေ့ရှိရသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၉၂၁၁ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံများမှဆင်းသွားခဲ့ရာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာသူပေါင်း ၂၉၁၇၂၇ ဦး ရှိလာ သည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ၂၁ ဒသမ ၄ သန်းကျော်အား ထိုးနှံ ပေးပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်