မလေးရှားနိုင်ငံ၌  ကိုဗစ်-၁၉  ကူးစက်သူပေါင်း ၁ ဒသမ ၈ သန်းကျော်တိုးလာ

 

 

ကွာလာလမ်ပူ  စက်တင်ဘာ   ၆  


မလေးရှားနိုင်ငံ၌   စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၁၇၃၅၂ ဦးတိုးလာကြောင်း     အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ပေါင်း ၁၈၆၂၁၈၇ ဦးအထိ ရှိလာ ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက် သည်။ 
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန် အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်သူ   ရှစ်ဦးမှာ ပြည်ပကူးစက်မှု ဖြစ်ပြီး ၁၇၃၄၄ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြား လိုက်သည်။  နောက်ထပ် ၂၇၂ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံ သေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ  စုစုပေါင်း  ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၁၈၄၉၁ ဦးရှိလာခဲ့ပြီ ဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၂၅၂၆၆၈ ဦး အနက် ၉၅၇ ဦးမှာ   အထူးကြပ်မတ်ကုသဆောင်တွင်   ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့အနက် ၄၃၅ ဦးမှာ အသက်ရှူအထောက်အကူ  ပြုကိရိယာ  လိုအပ်လျက်ရှိကြောင်း  သိရသည်။ 
မလေးရှားနိုင်ငံ၌ တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ခါထိုးပမာဏ ၂၈၉၉၅၈ ခန့်ကို ထိုးပေးခဲ့သည်။  လူဦးရေ၏ ၆၂ ဒသမ ၉ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးပြီဖြစ်ကာ ၄၈ ဒသမ ၈ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ   ထိုးနှံပြီးပြီဖြစ်ကြောင်း       သိရသည်။                                                                ဆင်ဟွာ