အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇ ဒသမ ၉၁ သန်းကျော်ရှိလာ

အဒစ်အဘာဘာ   စက်တင်ဘာ  ၆


အာဖရိကတိုက်၌  ယနေ့မွန်းလွဲပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၇၉၁၀၀၈၆ ဦး ရှိလာကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကသမဂ္ဂ        အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား  ကိုယ်စားပြုသည့် အာဖရိကရောဂါ  ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏  ပြောကြားချက်အရ  အာဖရိကတိုက် တစ်ဝန်း၌   ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၁၉၉၅၀၀ ရှိလာကြောင်း သိရသည်။
လက်ရှိတွင်   အာဖရိကတိုက်၌  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံ အသီးသီးမှ  ဆင်းခွင့်ရရှိသူစုစုပေါင်း ၇၁၄၃၃၂၂ ဦး ရှိကြောင်း    အာဖရိက  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့်  အီသီယိုးပီးယားနိုင်ငံတို့သည်  အာဖရိက တိုက်တွင်   ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်အခံရဆုံးနိုင်ငံများဖြစ်ကြောင်း   သိရသည်။   ယနေ့ မွန်းလွဲပိုင်းအချိန်အထိ  တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၈၁၉၉၄၅ ဦး ရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း  ၈၈၄၀၈၅ ဦးရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့်   ကာကွယ်ရေး စင်တာက ပြောကြားသည်။
အာဖရိကတိုက်၌  အာဖရိကတောင်ပိုင်းဒေသ သည်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဒေသ
ဖြစ်ပြီး  မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒုတိယအများဆုံး ဒေသများဖြစ်ကာ  အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ   ကူးစက်မှုအနည်းဆုံးဒေသ
ဖြစ်ကြောင်း သိရသည်။ 


ကိုးကား-ဆင်ဟွာ၊   ဘာသာပြန်-အလင်းသစ်