
ကဘူးလ် စက်တင်ဘာ ၆
အာဖဂန်နစ္စတန်နိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်ရန် နိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်း များကို တာလီဘန်တို့က တိုက်ရိုက် ညွှန်ကြားခဲ့သော်လည်း အာဖဂန် နစ္စတန်နိုင်ငံတွင် စီးပွားရေး ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ် လျက်ရှိကြောင်း ယနေ့သတင်း များအရ သိရသည်။
မြို့တော်ကဘူးလ်၌ ငွေကြေး လဲလှယ်ရေးဆိုင် တစ်ဆိုင်ကို ရက်ပေါင်း ၂၀ ခန့်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့ရာ လူအများအပြားသည် နိုင်ငံရပ်ခြားမှ ငွေလွှဲများကို ထုတ်ယူရန် အဆိုပါဆိုင်သို့ သွားရောက်ခဲ့ကြကြောင်း သိရ သည်။
သို့ရာတွင် အာဖဂန်နစ္စတန် နိုင်ငံ၏ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်ပေါ်နေသည်ကို စိုးရိမ် ကြောင်း အဆိုပါ ငွေကြေးလဲလှယ် ရေးဆိုင် မန်နေဂျာက ပြောကြား သည်။ တာလီဘန်တို့ကမူ ဘဏ် များကို ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားခြင်းအားဖြင့် အာဖဂန် နစ္စတန်နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်လာရန် ကြိုးစားနေ ကြောင်းလည်း သိရသည်။
ယခုအချိန်အထိ အာဖဂန် နစ္စတန်နိုင်ငံ၌ ဘဏ်အနည်းငယ် သာ ညွှန်ကြားချက်ကို လိုက်နာပြီး လူအများအပြားကလည်း ပြန်လည် ဖွင့်လှစ်ထားသည့် ဘဏ်များ၌ တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူအများစု သည် ၎င်းတို့လိုအပ်နေသည့် ငွေများကို ထုတ်ယူနိုင်ခြင်းမရှိ သေးကြောင်း သိရသည်။
ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိခြင်းကြောင့် မြို့တော်ကဘူးလ် ၌ ကုန်စည်ဖြန့်ဖြူးမှုကိုပင် ရပ်ဆိုင်း ခဲ့ရသည်။ ထို့ကြောင့် မြို့တော် ကဘူးလ်၏ စီးပွားရေးတည်ငြိမ် လာမည့်အချိန်ကို ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်
v