
ဘေရွတ် စက်တင်ဘာ ၇
လက်ဘနွန်တပ်ဖွဲ့သည် ဂျော်ဒန်နိုင်ငံမှ ပေးပို့ လိုက်သည့် ဆေးဘက်ဆိုင်ရာပစ္စည်း ၁၁ တန်ကို စက်တင်ဘာ ၆ ရက်တွင် လက်ခံရရှိခဲ့သည်ဟု လက်ဘနွန်တပ်ဖွဲ့က ပြောသည်။ အဆိုပါ ဆေး ပစ္စည်းများမှာ ဘေရွတ်လေဆိပ်သို့ ရောက်ရှိလာ ခဲ့ပြီး လက်ဘနွန်နိုင်ငံဆိုင်ရာ ဂျော်ဒန်သံအမတ် ကြီးလည်း လေဆိပ်သို့လာရောက်ခဲ့သည်။ ပြီးခဲ့ သည့် နှစ်ပတ်တာကာလအတွင်း ဂျော်ဒန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ စတုတ္ထအကြိမ်မြောက် လှူဒါန်းခြင်းပင်ဖြစ်သည်။ လက်ဘနွန်တပ်ဖွဲ့သည် နိုင်ငံအတွင်းဘဏ္ဍာရေး အကျပ်အတည်းကြောင့် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများတွင် အခက်တွေ့လျက်ရှိ သည်။ ဆင်ဟွာ