
ဂျေရုဆလင် စက်တင်ဘာ ၇
အစ္စရေးကျန်းမာရေးဝန်ကြီးဌာနသည် စင်ကာပူနှင့် ဟန်ဂေရီနိုင်ငံနှင့် ပတ်သက်၍ ခရီးသွားလာခွင့် သတိပေးချက်ကို စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန် ထားသည်။
အဆိုပါနှစ်နိုင်ငံစလုံးတွင် ကိုဗစ် - ၁၉ ကူးစက်မှု များပြားနေသည့်အတွက် ယခုလို ခရီးသွားလာမှု သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူနှင့် ဟန်ဂေရီ နှစ်နိုင်ငံစလုံးတွင် ခရီးသွားလာမှု သတိပေး ချက်ထုတ်ပြန်မှုမှာ စက်တင်ဘာ ၁၄ ရက်တွင် စတင်သက်ရောက်မည်ဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ထို့ပြင် ဆိုက်ပရပ်စ်၊ ဥရုဂွေး၊ ဩစတြီးယား နိုင်ငံတို့ထံ အစ္စရေးနိုင်ငံသားများ ခရီးသွားလာခွင့် သတိပေးချက်ကိုလည်း ယင်းနေ့တွင်ပင် ဖယ်ရှား ပေးခဲ့သည်။ အစ္စရေးနိုင်ငံသည် ဘရာဇီး၊ ဘူလ်ဂေရီး ယား၊ မက္ကဆီကိုနှင့် တူရကီနိုင်ငံတို့အပေါ်တွင်လည်း ယခင်ကတည်းက ခရီးသွားလာမှုသတိပေးချက် ထုတ်ပြန် ထားရာ ယခုအချိန်အထိ မပြောင်းလဲသေး ချေ။ အဆိုပါ နိုင်ငံများမှပြန်လာသည့် အစ္စရေး နိုင်ငံသားများသည် နေအိမ်၌ အသွားအလာ ကန့်သတ်မှုခုနစ်ရက်နေရမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးပြီးသူများနှင့် ရောဂါကူးစက်ပြီး ပြန်ကောင်းလာ သည့် လူများပါ အဆိုပါကန့်သတ်ချက်များတွင် ပါဝင်သည်။ ဆင်ဟွာ