ထိုင်းနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု အနိမ့်ဆုံးကျဆင်း


 

ဘန်ကောက်   စက်တင်ဘာ   ၇ 


ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုသည်  ဇူလိုင်  ၂၂  ရက်မှစကာ အနိမ့်ဆုံးသို့ ကျဆင်းလာပြီး ၁၃၈၂၁ ဦးအထိသာ ထပ်မံကူးစက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၁ ဦးအထိ ရှိလာခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာက စက်တင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။ 
ကိုဗစ်-၁၉ထပ်မံကူးစက်သူများအနက် ၆၀၀၀ ကျော်နှင့် သေဆုံးသူထက်ဝက်ခန့်မှာ ဘန်ကောက်နှင့် အနီးဝန်းကျင် ပြည်နယ်ငါးခုမှဖြစ်သည်။ 
ကိုဗစ်-၁၉ စတင်ကူးစက်ခဲ့သည့် လွန်ခဲ့သောနှစ်မှစကာ ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၃၀၈၃၄၃ ဦးရှိပြီး သေဆုံးသူ ၁၃၂၈၃ ဦးအထိ ရှိလာခဲ့သည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးသူပေါင်း ၃၆ ဒသမ ၆ သန်း ကျော်လွန်လာပြီဖြစ်သည်။ 
ထိုင်းနိုင်ငံသည်  ယခုနှစ်မကုန်မီ  ကိုဗစ်-၁၉  ကာကွယ်ဆေး ၁၂၄ သန်းကို ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။      
                                                                                                                 ဆင်ဟွာ