
ကွာလာလမ်ပူ စက်တင်ဘာ ၇
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၈၅၄၇ ဦးတိုးလာကြောင်း အတည်ပြုဖော်ပြပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁၈၈၀၇၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန်အဗ္ဗဒူလာ က ကိုဗစ်-၁၉ ကူးစက်သူ ၁၈ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၈၅၂၉ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားသည်။ နောက်ထပ် ၃၁၁ ဦး ကိုဗစ်- ၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၈၈၀၂ ဦး ရှိလာခဲ့ပြီ ဖြစ်သည်။
မလေးရှားနိုင်ငံသည် တနင်္လာနေ့တစ်နေ့တည်း ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ခါထိုးပမာဏ ၃၁၃၇၅၁ ခန့်ကို ထိုးပေးခဲ့သည်။ လူဦးရေ၏ ၆၃ ဒသမ ၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံမှု ခံယူပြီးပြီဖြစ်ကာ ၄၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီဖြစ်ကြောင်း သိရ သည်။ ဆင်ဟွာ