
တိုကျို စက်တင်ဘာ ၈
ဂျပန်အစိုးရသည် တိုကျိုနှင့် အိုဆာကာအပါအဝင် ခရိုင် ၁၉ ခရိုင်ကို စက်တင်ဘာ ၃၀ ရက် အထိ ကိုရိုနာဗိုင်းရပ်စ်အရေးပေါ် အခြေအနေ တိုးမြှင့်ပြဋ္ဌာန်းမည် ဖြစ်ကြောင်း သိရသည်။
ခရိုင် ၂၁ ခရိုင်အတွက် ပြဋ္ဌာန်း ထားသော ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကြေညာချက်နှင့် ခရိုင် ၁၂ခရိုင်အတွက် ပြဋ္ဌာန်းထားသော တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာချက်များသည် စက်တင် ဘာ ၁၂ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ယင်းမတိုင်မီ အစိုးရက ယခုကဲ့သို့ ကြေညာ လိုက်ခြင်းဖြစ်သည်။
ထို့အပြင် အစိုးရသည် မီယာဂီ နှင့် အိုကာယာမာခရိုင်တို့တွင် ချမှတ်ထားသော ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် ကြေညာချက်အစား တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာချက်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာချက်ပြဋ္ဌာန်းထားသည့် ခရိုင် ၁၂ ခုအနက် ခရိုင် ခြောက်ခု ကို တစ်စိတ်တစ်ပိုင်းအရေးပေါ် ကြေညာချက် ဖယ်ရှားပေးလိုက် ပြီဖြစ်ကြောင်းနှင့် အဆိုပါခရိုင် ခြောက်ခုမှာ တိုယာမာ၊ ယာမာ နာရှီ၊ အီမီ၊ ကိုချီ၊ ဆာဂါ၊ နာဂါ ဆာကီတို့ဖြစ်ကြပြီး တခြား ခရိုင်ခြောက်ခုမှာ စက်တင်ဘာ ၃၀ ရက်အထိ အဆိုပါကြေညာ ချက် ဆက်လက်တည်ရှိနေဦးမည် ဖြစ်သည်။
ကိုဗစ်-၁၉ ဆန့်ကျင်တိုက် ဖျက်ရေး ဆောင်ရွက်ချက်အရ တိုကျိုနှင့် အိုဆာကာအနောက် ပိုင်းအပါအဝင် ခရိုင် ၁၉ ခရိုင်သည် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေ အနေအောက်တွင် တည်ရှိပြီး တခြားခရိုင် ရှစ်ခုမှာ တစ်စိတ် တစ်ပိုင်း အရေးပေါ်ကြေညာချက် အောက်တွင် အကျုံးဝင်မည် ဖြစ်သည်။ ဆောင်ရွက်ချက်များ အားလုံးသည် စက်တင်ဘာ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ် သည်။
ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် ကြေညာချက်အောက်တွင် အရက် သေစာရောင်းချသော စားသောက် ဆိုင်များနှင့် ဘားများ သို့မဟုတ် ကာရာအိုကေဆိုနိုင်သော ဆိုင် များအားလုံးကို ပိတ်ထားရန် တိုက်တွန်း ပြောကြားထားကြောင်း နှင့် သတ်မှတ်ကာလအတွင်း နစ်နာမှုများအတွက် အစိုးရက သင့်တော်သော လျော်ကြေး ထောက်ပံ့ပေးမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ